Saturday, April 25, 2015

The Rainy Day

The Rainy Day
မိုးရွာတဲ့​နေ့
~~~~~~~~~

The day is cold, and dark, and dreary
It rains, and the wind is never weary;
The vine still clings to the mouldering wall,
But at every gust the dead leaves fall,
And the day is dark and dreary.

နေ့ဟာ​ အေးမြ ​ခြောက်​​သွေ့ ထိုင်းမှိုင်း
မိုးရွာပြီး ​လေတိုက်​တာလည်းလုံးဝငြီး​ငွေ့ဖွယ်
စပျစ်​ပင်​က ​ဆွေး​မြေ့​နေတဲ့နံရံကို တွယ်​ကပ်
ဒါ​ပေမယ့်​ မိုးရွာတိုင်းမှာ ရွက်​​သေ​တွေ​ကြွေကျ
နေ့ဟာ​ ​မှောင်​ ရီ ညှိုး လျ......။

My life is cold, and dark, and dreary;
It   rains, and the wind is never weary;
My thoughts still cling to the mouldering Past,
But the hopes of youth fall thick in the blast,
And the days are dark and dreary.

ငါ့ဘဝက ​အေးစက်​ မဲ​မှောင်​ ထိုင်းမှိုင်း
မိုးရွာပြီး​ လေတိုက်​တာလည်းလုံးဝငြီး​ငွေ့ဖွယ်
ငါ့အ​တွေး​တွေက​ဟောင်းနွမ်းတဲ့အတိတ်​ကိုဖက်​တွယ်​ဆဲ
ဒါ​ပေမယ့်​ ငယ်​ရွယ်​မှုရဲ့​မျှော်​လင့်​ချက်​​တွေ
လောကဓံမုန်​တိုင်းမှာ ဆုံးရှူံး​မျောပါသွား
နေ့​တွေဟာ ​မှောင်​ ရီ ညှိုး လျ....။

Be still, sad heart! and cease repining;
Behind the clouds is the sun still shining;
Thy fate is the common fate of all,
Into each life some rain must fall,
Some days must be dark and dreary.

တိတ်​တိတ်​​လေး​နေပါ ​ကြေကွဲနှလုံးသား​ရေ....
ညည်းညူခြင်း​တွေ ရပ်​တန့်​ပါ
တိမ်​ညို​တွေရဲ့​နောက်​ကွယ်​မှာ​နေမင်းဟာ​တောက်​ပဆဲ
သင့်​ရဲ့ ကံကြမ္မာက အားလုံးရဲ့ကံကြမ္မာပါပဲ
ဘဝတစ်​ခုစီမှာ ကံဆိုးမိုး​တွေ ရွာတတ်​တာပါပဲ
နေ့အချို့ဟာ ​မှောင်​ ရီ ညှိုး လျ.....။

Henry Wadsworth Longfellow ၏ အထက်​ပါ ကဗျာကို အ​တွေးဆင့်​သည်​။

No comments:

Post a Comment