Monday, April 27, 2015

NyiNyiHtoo

ညီညီထူး(ခေတ္တ)ဂျပန်သို့
------------------------------
မွေးနေ့ကိုအဓိပ္ပာယ်ဖော်မှပဲ
နံရံပေါ်က မှန် ကျကွဲ

ဂျပန်မှာ ကဲနေတဲ့ထူးရေ
မင်းရဲ့ ဆံပင်တွေဖြူရောပေါ့

ဂျူး ရဲ့စကားကို ငှားရရင်
ကမ္ဘာကြီးကို ငြိမ်းချမ်းစေချင်လိုက်တာ

မြန်မာချယ်ရီက ပိုလှသလား
ဂျပန်ချယ်ရီက ပိုလှသလား
မျိုးချစ်စိတ် ချဲ့ပြပါဦး

မင်း ချစ်တဲ့အနုပညာနဲ့
မင်း ကြိုက်တဲ့ အတတ်ပညာ
မြန်မာပြည်အတွက် မွှေးပါစေ

ငါတို့တတွေက
ခေါင်းဆောင်အချို့ကို လက်မခံတာထက်
ပြည်သူတွေကိုချစ်တာ ပိုပါတယ်

No comments:

Post a Comment