Monday, April 6, 2015

နွေညတစ်​ညကိုဖြတ်​သန်းခြင်း

နွေညတစ်​ညကိုဖြတ်​သန်းခြင်း
~~~~~~~~~~~~~~~~~

ပန်​ကာလည်​သံက
လေအပူကို​ကြောက်​ရွံ့​နေတယ်
စက္ကန့်​လက်​တံဆီက
နှေးလွန်းတာခွင့်​လွှတ်​ဖို့​တောင်းပန်​သံကြားရတယ်
ခွေးအူသံ​တွေက
နွေညကိုပိုပြီးအထီးကျန်​​စေတယ်

တိမ်​မဲ့​ကောင်းကင်​ကို​မော့ကြည့်​​တော့
မသာတဲ့ လမင်းကို မြင်​တယ်
အလည်​​ရောက်​လာတဲ့ ​လေ​အေး​အေး​တွေ
ငါ့အခန်းတံခါးဝမှာအ​ငွေ့ပျံသွားတယ်

ဟိုဘက်​အိမ်​ကဖွင့်​ထားတဲ့ ​နွေရာသီသီချင်းသံ
တစ်​စုံတစ်​ရာကို လွမ်း​ဆွေးဖို့ ဖန်​တီး​နေတယ်
အိပ်​ယာ​ပေါ်မှာလဲ​လျောင်း​နေတဲ့ခဏတာဟာ
နှစ်​များစွာကြာမြင့်​ခဲ့သလို တိတ်​ဆိတ်​သွားတယ်

ကုတင်​​ပေါ်မှာငြိမ်​သက်​​နေတဲ့ mobile phone က
ချစ်​သူဆီက​ခေါ်သံကို ​စောင့်​​မျှော်​​နေတယ်
မျက်​နှာကျက်​​ပေါ်က ပုံရိပ်​​တွေကိုဘာသာပြန်​​တော့
ကပိုကရိုရယ်​​နေတဲ့အပြုံးရှင်​ကို​တွေးမြင်​တယ်

No comments:

Post a Comment