Wednesday, April 8, 2015

အပိုင်းအစများ (၃)

အပိုင်းအစများ(၃)
...........................

PK ဇာတ်ကားထဲက Aamir Kham ရဲ့ကကွက်နဲ့
ဆောင်းမင်းသမီးကိုနှုတ်ဆက်လိုက်ပြီ
ထော်လာဂျီတဂျုံးဂျုံးငါ့မြို့လေးထဲ
ကူညီပါရစေတွေကဲတုန်းပါလား
သခွားမွှေးဈေးမကောင်းတဲ့ကြားထဲ
နင်ဘာတွေပူဆာနေတာလဲ ဂျမ်းဘုံ
ထိုသို့ဖြင့် ကျွန်ုပ်ချစ်မြတ်နိုးလှစွာသောMPTသည်
လေထွားကြွားထုတ်သည့်ရောဂါဖြင့်
အိမ်ထောင်ကျသွားရှာလေ၏

မယားနေစ ချောင်သေမှ ဆိုသည်မှာအဘယ်နည်း
ဥယျာဉ်ထဲမှာဒီမိုကရေစီသီးပြီလား
ပထမဆုရညနေမျာကိုဂုဏ်ပြုချင်လို့
လမ်းသစ်ဖောက်လမ်းဟောင်းဖျောက်ခဲ့ရ၏
နင့် ခံစားချက်တွေကို root ဖောက်ချင်တယ်ချစ်သူ
ကမ်းစပ်မှာပန်းခက်ဖြာပြီဆိုတော့မမနွယ်ရေ
ကျွန်တော့်ကိုရွှေကျီးတစ်ထုပ်ပေးပါဗျာ

No comments:

Post a Comment