Monday, April 13, 2015

Panorama

Panorama
~~~~~~~

ကတ္တရာလမ်းမကြီးရဲ့အဆုံးမှာ​တောင်​တန်းကြီး
တောင်​တန်းကြီးရဲ့ဟိုဘက်​မှာမြစ်​တစ်​စင်း
မြစ်​တစ်​စင်းရဲ့အဖျားမှာ​ကျောက်​လှိုင်​ဂူ
ကျောက်​လှိုင်​ဂူရဲ့နံ​ဘေးမှာတိမ်​သားမီးခိုး
တိမ်​သားမီးခိုးရဲ့​အောက်​မှာဂျူံခင်းဝါဝါ
ဂျူံခင်းဝါဝါရဲ့မျက်​နှာမူရာမှာ​နွေရာသီ
နွေရာသီရဲ့​နောက်​​ကျောမှာအလွမ်းပုံပြင်
အလွမ်းပုံပြင်​ရဲ့ရင်​ထဲမှာချစ်​သူ့ပုံရိပ်
ချစ်​သူ့ပုံရိပ်​ရဲ့အပြုံးတဝိုက်​မှာကဗျာများစွာ
ကဗျာများစွာရဲ့သံစဉ်​ထဲမှာ​မေတ္တာအသ​င်္ချေ
မေတ္တာအသ​င်္ချေရဲ့ မှီခိုရာမှာ everything
everything ရဲ့​ရှေ့တည့်​တည့်​မှာပင်​လယ်​ပြင်​ကြီး
ပင်​လယ်​ပြင်​ကြီးရဲ့တောင်​ဘက်​မှာ ငါ​နေတဲ့မြို့
ငါ​နေတဲ့မြို့ရဲ့အလယ်​မှာ ကတ္တရာလမ်းမကြီး...

No comments:

Post a Comment