Monday, April 27, 2015

နတ်​တို့ဖန်​ဆင်းတဲ့ ည

နတ်တို့ဖန်ဆင်းတဲ့ည
-------------------------
ငါ လာရာလမ်းမှာ
လမ်းဘေးကဓာတ်တိုင်တွေဦးညွတ်အလေးပြုကြ

ငါ လာရာလမ်းမှာ
စက္ကူပန်းတွေထံက အေးမြမြရနံ့မွှေးရှ

ငါ လာရာလမ်းမှာ
ပုန်းအောင်းနေတဲ့ငှက်ကလေးတွေသံပြိုင်တေးဆိုကြ

ငါ လာရာလမ်းမှာ
နေရောင်ခြည်တွေ ခေတ္တငိုကြွေးကြ

ငါ လာရာလမ်းမှာ
ဧဒင်ဥယျာဉ်ထဲကပန်းသီးတွေကြွေကျ

ငါ လာရာလမ်းမှာ
ချစ်သူရဲ့အပြုံးတစ်စ ဝေ့ဝဲမျောပါ ပျောက်ရှ

ငါ လာရာလမ်းမှာ
ငါ့အတ္တတွေ ထူထပ်သိပ်သည်းလွန်းစွ

No comments:

Post a Comment