Friday, April 17, 2015

ကာရန်​ပျက်​သင်္ကြန်

ကာရန်​ပျက်​သင်္ကြန်
~~~~~~~~~

ဒူဘိုင်းမှာတန်​ဖိုးကြီးကြီး​ပေးဝယ်​ရတဲ့​ရေချို​တွေ
ငါတို့ ဖြုန်းတီးလာခဲ့တာနှစ်​ရာချီကြာ
ရိုးရာယဉ်​​ကျေးမှုဆိုတဲ့​ခေါင်းစဉ်​​အောက်​မှာ
သေဆုံးသွားတဲ့​​ငွေစက္ကူ​တွေကိုပြန်​ကုဖို့
အရက်​ပုလင်းခွံ​တွေနဲ့ယတြာ​ချေရမှာလား
ပိ​တောက်​ပန်း​တွေကို​တော့အားနာပါတယ်
မြနန္ဒာ​လောက်​ကဗျာမဆန်​​တော့တဲ့သီချင်း​တွေ
ကျူံး​ရေထဲမှာဝရုန်းသုန်းကား​မျောပါသွားကြ
ခေတ်​မှီတဲ့​ကောင်​မ​လေး​တွေကရီ​ဝေ​ဝေကခုန်
ငါ နင့်​ကို မယုံကြည်​​တော့ဘူး မိသင်္ကြန်
နင့်​​ကြောင့်​ သုံးရက်​တာမှာလစ်​သွားတဲ့ကုန်​ကျစရိတ်​​တွေကို
က​လေးကစားကွင်း​တွေ​ဆောက်​လိုက်​ချင်​တယ်
လူတိုင်းဖတ်​ဖို့စာကြည့်​တိုက်​​တွေဖွင့်​ချင်​တယ်
လူငယ်​​တွေအတွက်​အခွင့်​အ​ရေး​များစွာဖန်​တီး​ပေးချင်​တယ်

No comments:

Post a Comment