Wednesday, April 8, 2015

သင်္ချိုင်း

သင်္ချိုင်း
.........

တိတ်ဆိတ်ခြင်းက ငါ့ရဲ့မွေးရာပါအမာရွတ်လား
အမျှဝေသံတွေကြားမှာ ယဉ်ကျေးခဲ့တာကြာပြီ
လူတွေဆီက ကြောက်ရွံ့ခြင်းအရိပ်တွေ စိုးမိုး
ကျေးဇူးပြုပြီးငါ့ကိုမျက်မုန်းမကျိုးကြပါနဲ့

သင်တို့ ဦးတိုက်ရမယ့်နေရာက ငါရင်ခွင်
သင်တို့ ခိုလှုံရမယ့် ရင်ခွင်က ငါ့မေတ္တာ
သင်တို့ ပို့သရမယ့်မေတ္တာက ငါ့ဂရုဏာ
ဟန်ဆောင်ငိုကြွေးသံတွေသာငါ့ခေါင်းပေါ်ရွှဲရွှဲစို

ငါက
အဆင့်အတန်းမခွဲခဲ့ဘူး ဘတ်မလိုက်ခဲ့ဘူး
မက်မောစရာမရှိခဲ့ဘူး မာန်တတ်စရာမလိုဘူး

ငါဆီမှာ
ဒီမိုကရေစီ ပြည့်ဝတယ် တရားမျှတမှု စံပြဖြစ်တယ်
ငြိမ်းအေးမှု ရသကြွယ်တယ်
လောဘမရှိ သောကနတ္ထိ
သင်သိချင်ရင်......
လာခဲ့လေ.........

No comments:

Post a Comment