လွမ်းတယ်အကို
~~~~~~~~~
သတိရတယ်ဆိုတဲ့စကား
အခု..
ပြောရတော့မယ် အကို
လွမ်းတယ် လို့ရော
ပြောခွင့်မရှိဘူးလား
မတွေ့ဖူးခင်က
ခံစားရတဲ့ ဒွိဟစိတ်နဲ့
တွေ့ပြီးတော့မှ
ခံစားရတဲ့ သတိရစိတ်
တိတ်တဆိတ်တူတယ်ထင်တယ် အကို
ရန်ကင်းတောင်ကြီးကိုပဲ
ကျေးဇူးတင်ရမလား
ကံကြမ္မာကိုပဲ ပြုံးပြရမလား
ညီမတော့ ဖျားပြီအကို
သံယောဇဉ်နဲ့အနိုင်ယူရအောင်
အကိုပြောခဲ့စကားလေးကို
ရင်ထဲမှာသိုဝှက်
ညီမမြတ်နိုးနေမှာထာဝရလေ..
No comments:
Post a Comment