Tuesday, April 7, 2015

အတွင်းနာ

အတွင်းနာ
~~~~~~

သားအတွက်
ပညာ​ရေး
ငွေလို
ကြံရာမရတဲ့အဆုံး.......

အ​မေ
ရည်းစားဘဝ
အ​ဖေ​ပေးခဲ့
လက်​စွပ်​က​လေး
ရောင်း
ရော့ ငါ့သား တဲ့......

ကျွန်​​တော်
မျက်​ရည်​စက်
ဖြန့်​ခဲ့တဲ့လက်​​ပေါ်
ကြွေ
အ​မေ မသိ........

1999 က ​ရေးခဲ့ကဗျာ​လေးပါ
အ​မေ့ကို ကန်​​တော့ပါတယ်

No comments:

Post a Comment