Wednesday, April 15, 2015

I miss you, ko ko

လွမ်းတယ်​အကို
~~~~~~~~~

သတိရတယ်​ဆိုတဲ့စကား
အခု..
ပြောရ​တော့မယ်​ အကို

လွမ်းတယ်​ လို့​ရော
ပြောခွင့်​မရှိဘူးလား

မ​တွေ့ဖူးခင်​က
ခံစားရတဲ့ ဒွိဟစိတ်​နဲ့
တွေ့ပြီး​တော့မှ
ခံစားရတဲ့ သတိရစိတ်
တိတ်​တဆိတ်​တူတယ်​ထင်​တယ်​ အကို

ရန်​ကင်း​တောင်​ကြီးကိုပဲ
ကျေးဇူးတင်​ရမလား
ကံကြမ္မာကိုပဲ ပြုံးပြရမလား
ညီမ​တော့ ဖျားပြီအကို

သံ​ယောဇဉ်​နဲ့အနိုင်​ယူရ​အောင်
အကို​ပြောခဲ့စကား​လေးကို
ရင်​ထဲမှာသိုဝှက်
ညီမမြတ်​နိုး​နေမှာထာဝရ​လေ..

No comments:

Post a Comment