Saturday, April 4, 2015

သမုဒယသစ္စာ၏​စေရာ

သမုဒယသစ္စာ၏​စေရာ
~~~~~~~~~~~~~

အဲ့ဒီ စကားသံ​လေး​တွေ ညထဲမှာ တုန်​ခါ
တိတ်​ဆိတ်​​နေတဲ့ ရင်​ခုန်​သံကို နှိုးဖို့လာတယ်

အဲ့ဒီ စကားသံ​လေး​တွေ ငါ့ဘဝကို ​ရွှေချ
ခြောက်​​သွေ့ ​နေတဲ့ ကာလကို ​အေးမြ​စေတယ်

အဲ့ဒီ စကားသံ​လေး​တွေ ​မေတ္တာကို ပုံ​ဖော်
နွေရာသီကို တမန်​​တော်​အဖြစ်​​ ခေါ်လာတယ်

အဲ့ဒီ စကားသံ​လေး​တွေ စက္ကန့်​​တွေ​ပေါ် ​ပြေးသွား
သမုဒယအား​တွေ များသထက်​များ​စေတယ်

အဲ့ဒီ စကားသံ​လေး​တွေ ငါ့​ခေါင်းအုံးမှာ စိုရွှဲ
အိပ်​မရတဲ့ညကို အငမ်းမရ ပြိုလဲ​စေတယ်

အဲ့ဒီ စကားသံ​လေး​တွေ ၄၉၄ ထဲမှာ အနည်​ကျ
သစ္စာတရားအဖြစ်​ ​ပြောင်းလဲသွားကြတယ်

အဲ့ဒီ စကားသံ​လေး​တွေ မနက်​ဖြန်​ကို လာဘ်​ထိုး
ငါ့ အချစ်​ရဲ့ ရာဇဝင်​အသစ်​ကို အစပျိုး​စေတယ်

No comments:

Post a Comment