Monday, April 6, 2015

စုကဗျာ

စုကဗျာ
~~~~

ဆုတံဆိပ်တွေက
သူ့စိတ်ကိုဘ၀င်မမြင့်စေဘူး

စာနာခြင်းတရားတွေက
အာပလာအတင်းစကားတွေကိုမမှု
လူ့ကျင့်ဝတ်ကိုပီသအောင်ပြ

အဖေ့သွေးလို့ပဲဆိုဆို
လိုနေတဲ့ကွပ်လက်များစွာ
ဖြည့်ဆည်းချင်တာသူ့ဝါသနာ

ဖြတ်သန်းခဲ့တဲ့ဘ၀ဟာ
မှတ်တမ်းမဲ့တဲ့ခဏကဗျာမဟုတ်
သမိုင်းကိုအတုမလုပ်ခဲဘူး
ရာဇ၀င်ကိုမလှည့်စားခဲ့ဘူး
လူထုကိုဟန်ဆောင်မပြခဲ့ဘူး

အမှန်တရားအတွက်
ဓားထက်ထက်ကိုမကြောက်
သေနက်ကိုမကြောက်
ဘယ်တော့မှဒူးမထောက်
ပန်းတိုက်ရောက်အောင်လျှောက်မယ့်သူ

ငြိမ်းချမ်းရေးဆိုတာ
မေတ္တာနဲ့ချည်မှမြဲ
သူ့ရင်ထဲကပန်းဥယာဉ်
အားလုံးအတွက်ရှင်သန်
ခိုကလေးတွေပျံနေကြပြီ

ကမ္ဘာက သိကြပေမယ့်
မြန်မာကမသိကြတဲ့သူ့စေတနာ
နွေတစ်ရာကိုအေးစေတယ်
ဝေဒနာကို ဝေးစေတယ်

No comments:

Post a Comment