Friday, April 3, 2015

မနက်​ဖြန်​များစွာအတွက်​ခန့်​မှန်းချက်​က​တော့

မနက်​ဖြန်​များစွာအထိခန့်​မှန်းချက်​က​တော့
ငါ ချစ်​မိသွားပြီ ​မေရီ
~~~~~~~~~~~~~~~~~~~~~~~~

မရှာဘဲ​တွေ့တဲ့အချစ်​ကပို​ကောင်းတယ်​ တဲ့
အိပ်​​ပျော်​​နေတဲ့အရက်​သမားကြီးက​ပြောတယ်

နင့်​ ပါးချိုင့်​​လေးကို မြင်​​ယောင်​မိတာနဲ့
ငါ့ရင်​​တွေ ငြိမ်းချမ်းသွားတာ ယုံလား

အမြဲတမ်း Off လုပ်​မထားတဲ့ နင့်​အပြုံး​ကြောင့်
ငါ့ အချစ်​​တွေ On ဖြစ်​သွားပြီ ​မေရီ

ဆုံစည်းခွင့်မေ​​ရရာတဲ့ မနက်ဖြန်များစွာထဲမှာ
ကံကြမ္မာကို သံ​​ယောဇဉ်နဲ့ အနိုင်ယူရ​​အောင်

သက်ေ​သပြစရာမလိုတဲ့ ​မေတ္တာတရားဆိုတာ
အပြန်​အလှန်​နားလည်​မှုရဲ့ ပုံရိပ်​တစ်​ခုမဟုတ်​လား

မေရီ​ရေ......
ငါ့နှလုံးသားကို Version အသစ်​တင်​ဖို့
နင့်​ ရင်​ခုန်​သံကို Install လုပ်​ခွင့်​ပြုပါ

No comments:

Post a Comment