Friday, April 10, 2015

ဆုံနိုင်​ခွင့်​၏​နောက်​ကွယ်

ဆုံနိုင်​ခွင့်​၏​နောက်​ကွယ်
~~~~~~~~~~~~~~

တစ်​ကိုယ်​​ရေ အ​တွေး​တွေ မာကျစ်​လာတဲ့အခါ
ငါ့ကိုယ်​ငါ အနာဂတ်​ဆီ ကန်​ထုတ်​လိုက်​တယ်

ပေါ့စိမ့်​​သောက်​သူတစ်​​ယောက်​ဆီကရယ်​သံတိုးတိုး
ငါ့မြတ်​နိုးမှုကို သက်​တမ်းတိုးခိုင်​မာ​စေတယ်

လူလည်​ကြီး မဟုတ်​ပါဘူးလို့ ပြန်​​ပြောတဲ့အခါ
ဓာတ်​ပုံထဲက ​ကောင်​မ​လေး ကပိုကရိုရယ်​ပါတယ်

ရန်​ကင်း​တောင်​​ပေါ်ကသစ်​ပင်​​လေး​တွေက
ငါတို့နှစ်​​ယောက်​ရဲ့အကြည့်​​တွေကိုကမ္ဗည်းထိုးကြလိမ့်​မယ်

စာတန်းမထိုး​သေးတဲ့ည​နေများစွာကိုလှပ​စေဖို့
ငါတို့မှာ သတ္တိ​တွေလိုအပ်​သလား ချစ်​သူ..

ဆုံဆည်းခွင့်​သာရမယ်​ဆိုရင်
ငါ့နှလုံးသားကို ယဇ်​ပလ္လင်​မှာထားခဲ့မယ်​ ​မေရီ...

No comments:

Post a Comment