Sunday, April 19, 2015

သုံး​ကြောင်းကဗျာခံစားပါ

သနပ်​ခါး
~~~~~
ချစ်​သူပါး​ပေါ်
အိပ်​လို့​ပျော်
နမ်းမှ​အော်​တဲ့ ပန်းက​လေး.....

လူရွှင်​​တော်
~~~~~~~
သူတို့အားလုံး
ရယ်​​မောပြုံး
ငါ့ရင်​ထဲမှာ​သောကဖုံး

တမာပင်
~~~~~
အညာရွာထဲ
အလှကဲ
နွေပူထဲကအို​အေစစ်

မျက်​မှန်
~~~~~
အကြီးအ​သေး
လိုရာ​ပေး
အမြင်​အာရုံဒုတိယ​သွေး

ဆရာ
~~~~
ငါ့ထက်​သာ၏
ငါ့တပည့်
ငါ၏တာဝန်​​ကျေခဲ့ပြီ

ချစ်​သူ
~~~~
သစ္စာမယွင်း
မေတ္တာချင်းတူ
ခွင့်​လွှတ်​ရင်းနဲ့နားလည်​သူ


No comments:

Post a Comment