တစ်သက်မှာတစ်ခါ
~~~~~~~~~~~
တစ်သက်မှာတစ်ခါ
အသက်နှစ်ဆယ်ပြည့်ခဲ့ပါပြီ
အချိန်ဟူသည်
အရာရာကိုဖန်ဆင်းသော
အဆုံးမဲ့သဘာဝတရားဖြစ်၏
တစ်သက်မှာတစ်ခါ
အချစ်စစ်တစ်ခုကိုပိုင်ဆိုင်ခဲ့ဖူးပြီ
အချစ်စစ်ဟူသည်
လူတွေဖွင့်ဆိုချက်မှားနေသော
အချိန်၏သားတော်တစ်ပါးဖြစ်၏
တစ်သက်မှာတစ်ခါ
အီတလီခေါက်ဆွဲစားဖူးခဲ့ပြီ
အစားအသောက်ဟူသည်
ဘယ်တော့မှနှစ်ကြိမ်စား၍မရသော
ရသတဏှာ၏ ကျေးကျွန်ဖြစ်၏
တစ်သက်မှာတစ်ခါ
ခြေသည်းလက်သည်းများညှပ်လိုက်ပြီ
ခန္ဓာကိုယ်၏ဘေးထွက်ပစ္စည်းများသည်
နောက်တစ်ကြိမ်ပြန်သုံးခွင့်မရသော
ဒုက္ခသစ္စာ၏ မှတ်စုများဖြစ်၏
မှန်ပါ၏
အရာရာသည်
တစ်သက်မှာတစ်ခါသာဖြစ်ခဲ့ကြပါ၏
Sunday, July 5, 2015
တစ်သက်မှာတစ်ခါ
Beer
Beer
ဘီယာ
~~~~~
Here,
With my beer
I sit,
While golden moments flit:
Alas!
They pass
Unheeded by:
And, as they fly,
I,
Being dry,
Sit, idly sipping here
My beer.
ဒီမှာ
ငါ့ဘီယာနဲ့အတူ
ငါ ထိုင်တယ်
ရွှေစက္ကန့်တွေတဖျပ်ဖျပ်သေဆုံး
အားးးးးးးးး
သူတို့ကုန်လွန်သွားတာ
သတိမထားမိပါလား
ငါလည်း
စက္ကန့်လေးတွေလို
အာခေါင်ခြောက်တယ်
ထိုင်တယ်
အကြောင်းမဲ့သက်သက်တစ်ငုံသောက်တယ်
ငါ့ဘီယာကိုပေါ့........။
O, finer far
Than fame, or riches, are
The graceful smoke-wreaths of this free cigar!
Why
Should I
Weep, wail, or sigh?
What if luck has passed me by?
What if my hopes are dead,—
My pleasures fled?
Have I not still
My fill
Of right good cheer,—
Cigars and beer?
အို....ထင်ပေါ်ခြင်းတွေ
ငွေကြေးကြွယ်ဝခြင်းတွေနဲ့
ဝေးသထက်ဝေးတာက
ပိုကောင်းလှပါလား
ဟော့ဒီ ဆေးပြင်းလိပ်ကထွက်တဲ့
သရဖူမီးခိုးငွေ့တွေက တင့်တယ်နေတာ
ငါ
ဘာ့ကြောင့်
ငိုကြွေးသင့်သလဲ
ညည်းတွားသင့်သလဲ
သက်ပြင်းချသင့်သလဲ
ကံကောင်းခြင်းဟာငါ့ထံကထွက်ခွာခဲ့ရင်
ငါ့မျှော်လင့်ချက်တွေသေဆုံးခဲ့ရင်
ဘာဖြစ်မှာမို့လို့လဲ
အဲဒါနဲ့ပဲငါ့ရဲ့ပျော်ရွှင်ခြင်းတွေထွက်ပြေးပြီလား
မှန်ကန်တဲ့ကောင်းမွန်တဲ့ ၀မ်းမြောက်မှုကို
ငါ
ဖြည့်ဆည်းခွင့်မရှိတော့ဘူးလား
ဆေးပြင်းလိပ်တစ်လိပ်နဲ့လေ
ဘီယာတစ်ငုံနဲ့လေ........။
Go, whining youth,
Forsooth!
Go, weep and wail,
Sigh and grow pale,
Weave melancholy rhymes
On the old times,
Whose joys like shadowy ghosts appear,—
But leave me to my beer!
သွားတော့ကွာ
အော်ငိုပစ်ချင်စရာငယ်ဘ၀ရေ
တကယ့်ကိုပဲ
သွားစမ်းပါ
ငိုလိုက်စမ်းပါ
ညည်းညူလိုက်စမ်းပါ
သက်ပြင်းပူလိုက်စမ်းပါ
ဖျော့တော့အားငယ်လိုက်စမ်းပါ
စိတ်ကျကာရန်တွေကိုယက်လုပ်ရင်း
ဟိုတုန်းက ပျော်ရွှင်စရာဆိုတာလည်း
အရိပ်တစ္ဆေပေါ်လာသလိုပဲတဒင်္ဂ
ဒါပေမယ့်
ငါ့ကို ဘီယာနဲ့အတူ ထားခဲ့ပါ ........။
Gold is dross,—
Love is loss,—
So, if I gulp my sorrows down,
Or see them drown
In foamy draughts of old nut-brown,
Then do I wear the crown,
Without the cross!
ရွှေလည်း ဗြုန်းဖြစ်ပြီ
အချစ်လည်း ဆုံးနစ်ပြီ
ဒါကြောင့်
ငါက ၀မ်းနည်းမှုတွေကိုအငမ်းမရသောက်နေတာပါ
အညိုရင့်ရောင်စည်ကြီးထဲက
အမြှုပ်တစီစီထဲမှာ
အဲဒီ ကြေကွဲစရာတွေမြုပ်နေတာ မြင်လား
ဒါကြောင့်မို့
ဘုရားသခင်ကို မေ့လျော့ပြီး
ငါက သရဖူဆောင်းထားရမလား ဟင်.......။
Arnold, George ကဗျာကို စွေကြည့်သည်။
ရိုးသားတမ်းကစားရအောင်
ရိုးသားတမ်းကစားရအောင်
~~~~~~~~~~~~~~~~
သားသမီး နဲ့ မိဘ
အပြန်အလှန်ရိုးသားကြရင်
အိမ် ဆိုတဲ့ ဝေါဟာရရဲ့အဓိပ္ပါယ်
လှချင်တိုင်းလှနေလိမ့်မယ်..........
တပည့် နဲ့ ဆရာ
အတူတူရိုးသားခဲ့ပါလျှင်
ပညာရေးဆိုတဲ့သစ်ပင်ကြီးဟာ
သီးပွင့် ဝေဆာ စိမ်းမြ
ဘွဲ့တံဆိပ်တွေထုတ်ပြစရာမလိုတော့ဘူး......
မိတ်ဆွေအချင်းချင်း
ရိုးသားခြင်းတွေခင်းခဲ့ကြရင်
ခင်မင်မှုရဲ့မေတ္တာရောင်ပြန်
စာနာစိတ်တွေအမြဲလွင့်ပျံနေမယ်........
အစိုးရ နဲ့ ပြည်သူ
ရိုးသားမှုတွေတူခဲ့ရင်
ဒီမိုကရေစီ ရင်ခွင်အသစ်မှာ
အာဏာဆိုတဲ့စကားလုံး
လုံးဝပျောက်ဆုံးသွားလိမ့်မယ်........
A life
A Life
ဘ၀တစ်ခု၏အဓိပ္ပါယ်
~~~~~~~~~~~~~~
That the stars are adamant
everyone understands—
but I won’t give up seeking joy
on each blue wave
or peace below every gray stone.
If happiness never comes, what is a life?
ကြယ်တွေအကြောက်အကန်ငြင်းဆန်တာ
လူတိုင်းနားလည်တာပေါ့
ဒါပေမယ့် ငါက...
သူတို့ကိုငေးမောဖို့ဘယ်တော့မှလက်မလျှော့ဘူး
ကောင်းကင်ပြာပြာလှိုင်းတစ်ခုစီပေါ်ကပျော်ရွှင်မှု
ဒါမှမဟုတ်
မီးခိုးရောင်ကျောက်တုံးအောက်ကငြိမ်းချမ်းရေး
ကြည်နူးမှုတွေပျောက်ဆုံးနေရင်
ဘ၀ဆိုတာ ဘာလဲ ဟင်.....
A lily withers in the sand
and if its nature has failed?
The tide
washes the beach at night.
What is the fly looking for on the spider’s web?
သဲထဲမှာညှိုးရော်သွားတဲ့ကြာတစ်ပွင့်အတွက်
သဘာဝတရားဟာသေဆုံးသွား
ညအခါမှာ ဒီရေကကမ်းခြေကိုဆေးကြော
ဘာ့ကြောင့်ယင်ကောင်က
ပဂ့်ကူအိမ်ကိုရှာနေသလဲ ပြော
What does a dayfly make of its hours?
(Two wings creased over a hollow body.)
Black will never turn to white—
yet the perfume of our struggle lingers
as each morning fresh flowers
spring up from hell.
ယင်ကောင်ဝါ၀ါတစ်ကောင်က
သူ့အချိန်တွေကိုဘယ်လိုဖြုန်းပစ်သလဲ
အမဲဟာဘယ်တော့မှအဖြူပြန်မဖြစ်ဘူး
ဒါပေမယ့် ငါတို့ရဲ့ရုန်းကန်ခြင်း ရနံ့ က
တရစ်ဝဲ၀ဲ မွှေးပျံ့  လှပ
မနက်ခင်းရဲ့လတ်ဆတ်တဲ့ပန်းတွေဟာ
ဒုက္ခတွင်းထဲက လွတ်မြောက်စေကြသလိုပေါ့
The day will come
when the earth is emptied,
the skies collapse
and all goes still—
when nothing remains but the dayfly
folded in a leaf.
ကမ္ဘာကြီး ဗလာဖြစ်လာတဲ့အချိန်
ကောင်းကင်တွေ ပြိုကျလာတဲ့အချိန်
အရာအားလုံး ငြိမ်သက်သွားတဲ့အချိန်
ဘာမှမကျန်တော့မယ့်အချိန်
တစ်နေ့တော့ ရောက်လာလိမ့်မယ်
ဒါပေမယ့်ကွယ် ယင်ကောင်ဝါ၀ါကတော့
သစ်ရွက်တစ်ခုထဲမှာ ခိုအောင်းနေခဲ့တယ်လေ.....
But no one knows it.
သို့သော်လည်း
ဘယ်သူမှ ဒါကို မသိဘူးလေ......
Dinth ၏ ကဗျာကို ရေကူးသင်သည်။
Soeminkyaw ပန်းလောင်မြေ
Saturday, June 27, 2015
အချိန်ကပြတဲ့တရား
အချိန်ကပြတဲ့တရား
~~~~~~~~~~~~~
ဆင်းဆင်းရဲရဲနဲ့
ဘဝကိုဖြတ်သန်းခဲ့ချိန်တွေမှာ
လောကကြီးကို စိတ်နာတတ်ခဲ့တယ်
အခုတော့
အဲဒီအကြောင်းတွေပြန်ပြောရတာ
အရသာရှိလိုက်တာ
ကံကြမ္မာကိုတောင် ကျေးဇူးတင်မိတယ်
ညှိုးညှိုးငယ်ငယ်နဲ့
ချစ်သူရဲ့စွန့်ပစ်ခြင်းကိုခံခဲ့ရချိန်မှာ
ငွေစက္ကူတွေကို ရွံခဲ့တယ်
အခုတော့
အဲဒီကြေကွဲဇာတ်ကိုပြန်ပြောရတာ
နှလုံးသားကမာလိုက်တာ
မြှားနတ်မောင်ကိုတောင် ကျေးဇူးတင်မိတယ်
ဒါပေမယ့်ကွယ်
နောက်ထပ် လူအနှိမ်ခံရလောက်အောင်
မဆင်းရဲချင်တော့ဘူး
နောက်ထပ် နာကြည်းနာကျင်ရလောက်အောင်
အသည်းမကွဲချင်တော့ဘူး
Thursday, June 25, 2015
နေခဲ့သူ
နေခဲ့သူ
~~~~~
တကယ်ဝေးမယ်ဆိုတော့
စပယ်လေးတွေငိုပြီခင်........
ချစ်လျက်နဲ့ဝေးဖို့ပြင်
တွေးဖို့ပင်မရဲ ..........
မေတ္တာဓာတ်အရောင်ပြယ်
မောင်...ရယ် လို့ခေါ်သံတိတ်..........
လက်ပြကာနှုတ်မဆက်ချင်ဘူး
ရုတ်တရက် ရင်စူးနာကျင်.........
အချိန်ကြာရင်မေ့မှာတဲ့လား
မလိမ်ညာချင် မျက်နှာလွှဲသွား........
ဂုဏ်ဓနမကြွယ်သူမို့
သုညရယ်ကိုယ့်အဖော်ပေါ့........
မစွန့်လွှတ်ချင်ဘဲဝေးရသတဲ့
ဆွေးရမယ့်ညတွေမမျှော်လိုပါ.......
ဪ ...ကိုယ်ဟာ အညတြသမား
ဘဝအလှများမကြုံဖူးသူပါ.......
Tuesday, June 23, 2015
ပြင်လို့ရပါတယ် ညီလေးရယ်
ပြင်လို့ရပါတယ် ညီလေးရယ်
~~~~~~~~~~~~~~~
ညီလေးရေ....
မင်းက
ချစ်ခြင်းတရားနဲ့လောကကြီးကို ချဉ်းကပ်တယ်
မေတ္တာတရားနဲ့လူတွေကို ဆက်ဆံတယ်
သံယောဇဉ်စစ်စစ်နဲ့ မိသားစုကို ပျိုးထောင်တယ်...
ဒါပေမယ့်
မင်းချစ်တဲ့လောကကြီးက
တစ်ခါတစ်ရံ ချစ်စရာမကောင်းဘူး
မင်းမေတ္တာထားတဲ့လူတွေက
တစ်ခါတစ်ရံ အကြင်နာတွေ ဝေးတယ်
မင်းသံယောဇဉ်ရှိတဲ့ မိသားစုက
တစ်ခါတစ်ရံ သမုဒယနဲ့ ကင်းကွာနေတတ်တယ်....
ကိုယ်ပေးသလောက်ပြန်မရတဲ့ဘဝမှာ
ရရှိခြင်းကိုမျှော်လင့်တာ ကောင်းသလား
ပေးဆပ်ခြင်းသပ်သပ်မေတ္တာနဲ့
လောကကိုချဉ်းကပ်ကြည့်ရအောင်လေ
မင်းရဲ့သားလေးကို မင်းချစ်တယ်
မင်းရဲ့ သမီးလေးကို မင်းချစ်တယ်
မင်းရဲ့ ဇနီးကိုလည်း မင်းချစ်တာပဲ
အဲဒါကို ငြင်းဖို့မကြိုးစားပါနဲ့
မိသားစုတစ်ခုခိုင်မြဲဖို့ဆိုတာ
ယောက်ျားက မိန်းမကို စာနာနားလည်ရမယ်
မိန်းမက ယောက်ျားကို ကြင်နာယုယရမယ်
အဲလို စာနာနားလည်နိုင်ဖို့
အဲလို ကြင်နာယုယနိုင်ဖို့
ဘာတွေလိုအပ်သလဲ ညီလေးရေ.. ....
ယောက်ျားမကြိုက်တဲ့ အချက်တွေ
(မိမိနဲ့သူတစ်ပါးကိုအကျိုးမဖြစ်စေတဲ့အရာများ)
မိန်းမက ရှောင်ရှားနိုင်ရမယ်
မိန်းမမကြိုက်တဲ့ အချက်တွေ
(အရက်သောက်ခြင်းကဲ့သို့သော အရာများ)
ယောက်ျားက စွန့်လွှတ်နိုင်ရမယ်
အစ်ကိုတစ်ယောက်အနေနဲ့
မင်း သတ်မှတ်တဲ့ အဖေတစ်ယောက်အနေနဲ့
ဆုံးမစကား ပြောချင်ခဲ့လိုက်တာ
ဒါပေမယ့်
မင်းမှာ တွေးခေါ်တတ်တဲ့ ဥာဏ်ရှိတယ်
ဆင်ခြင်တတ်တဲ့ အသိတရားရှိတယ်
နားလည်ပေးတတ်တဲ့ နှလုံးသားရှိတယ်
အဲလိုလူတစ်ယောက်ကို ဆုံးမစကားပြောဖို့
ဝန်လေးခဲ့တာ ဆန်းသလား
တုံ့ဆိုင်းခဲ့တာ မှားသလား
လျစ်လျူရှုခဲ့တာ လွန်သလား
ဒီကဗျာကလည်း
ညီလေးရဲ့ ရင်ထဲကအမှန်တရားတွေကို ဖျက်ဆီးဖို့
ကာရန်တွေ ပို့လိုက်တာမဟုတ်ဘူး
Rhythmတွေ တို့လိုက်တာမဟုတ်ဘူး
သိပြီးသားမြင့်မြတ်တာတွေကို သတိထားမိဖို့
ရှိပြီးသားဖြူစင်မှုတွေကို တန်ဖိုးထားဖို့
Message ပို့လိုက်တာပါ ညီလေးရေ.. ....
မင်းက စကားအပြောအဆိုကောင်းတယ်
လူမှု့ဆက်ဆံရေး ကျွမ်းကျင်တယ်
လုပ်ငန်းတာဝန် ကျေပွန်ပိုင်နိုင်တယ်
မင်းနဲ့ပတ်သက်တဲ့ အပြစ်ဆိုလို့
တစ်ခုတည်းရှိတာပါ
အဲဒါ အရက်သောက်ခြင်းပဲ
အပြစ် ဆိုတဲ့စကားကို
အစ်ကို မသုံးချင်ပါဘူး ညီလေးရေ
ဒါပေမယ့်
မင်းစဉ်းစားဖို့ ပြောပါရစေ
အမေက မင်းကို သိပ်ချစ်တယ်
ဒါပေမယ့် အရက်သောက်တာမကြိုက်ဘူး
မမက မင်းကို သိပ်ချစ်တယ်
ဒါပေမယ့် အရက်သောက်တာမကြိုက်ဘူး
အစ်ကိုက မင်းကိုသိပ်ချစ်တယ်
ဒါပေမယ့် အရက်သောက်တာမကြိုက်ဘူး
ညီမလေးက မင်းကိုသိပ်ချစ်တယ်
ဒါပေမယ့် အရက်သောက်တာမကြိုက်ဘူး
မင်းမိန်းမက မင်းကိုသိပ်ချစ်မှာပဲ
ဒါပေမယ့် အရက်သောက်တာမကြိုက်ဘူး
သားလေးကလည်း မင်းကိုသိပ်ချစ်မယ်
ဒါပေမယ့် အရက်သောက်တာမကြိုက်ဘူး
သမီးလေးကလည်း မင်းကိုသိပ်ချစ်မယ်
ဒါပေမယ့် သူသိတတ်တဲ့အရွယ်ရောက်ရင်
ဖေဖေအရက်သောက်တာကို ကြိုက်မှာမဟုတ်ဘူး
မင်းချစ်တဲ့ မိသားစု
မင်းကိုချစ်တဲ့ မိသားစုက
ငြင်းဆန်တဲ့ ကာယကံတစ်ခုကို
မင်း စွန့်လွှတ်ဖို့ မလိုအပ်ဘူးလားညီလေးရေ.....
အရက်သောက်နိုင်တဲ့ ဂုဏ်ဆိုးထက်
အရက်ကိုရှောင်နိုင်တဲ့ ဂုဏ်ကောင်းတစ်ခုကို
ညီလေး ပိုတန်ဖိုးမထားသင့်ဘူးလား
စိတ်ညစ်လို့ အရက်သောက်မယ့်အစား
သားနဲ့သမီးအတွက် အချိန်ပေးပြီးနေပါ
ပျော်လွန်းလို့ အရက်သောက်မယ့်အစား
ကိုယ့်မိန်းမအနားမှာ စကားပြောဆွေးနွေးပါ
မိုးရွာလို့ အရက်သောက်မယ့်အစား
သူငယ်ချင်းတွေနဲ့ Tea ဆိုင်မှာ ငြင်းခုန်ပါ
အကြောင်းမဲ့အရက်သောက်မယ့်အစား
ကုန်ကျမယ့်ငွေတွေကို လှူဒါန်းပါ
ညီလေးရေ
ဒါဟာ ကဗျာတစ်ပုဒ်မဟုတ်ပါဘူး
အစ်ကိုတစ်ယောက်က ညီတစ်ယောက်ကို
ချစ်ခြင်းရဲ့သင်္ကေတပါ
အဖေတစ်ယောက်က သားတစ်ယောက်ကို
မျှော်လင့်ခြင်းရဲ့ အလင်းတစ်စပါ
မေတ္တာနဲ့တွေး သစ္စာနဲ့ရေးတဲ့
နှလုံးသွေးရဲ့ ပုံရိပ်တစ်ခုပါကွယ်.......
ချစ်လှစွာသော ညီငယ် တိုးတိုးလင်း သို့........
Monday, June 22, 2015
I have a guiter
ဂစ်တာတစ်လက်ရှိပါသည်
-----------------------------
ကျွန်တော့်မှာဂစ်တာတစ်လက်ရှိပါသည်
ဂစ်တာထဲမှာသီချင်းတွေရှိသည်
သီချင်းတွေထဲမှာအနုပညာရှိသည်
အနုပညာထဲမှာကိုယ်ချင်းစာတရားရှိသည်
ကိုယ်ချင်းစာတရားထဲမှာနားလည်ပေးမှုရှိသည်
နားလည်ပေးမှုထဲမှာငြိမ်းချမ်းရေးရှိသည်
ငြိမ်းချမ်းရေးထဲမှာသံစဉ်တွေရှိသည်
သံစဉ်တွေထဲမှာဂစ်တာတစ်လက်ရှိသည်
ကျွန်တော့်မှာဂစ်တာတစ်လက်ရှိပါသည်
Thursday, June 18, 2015
ဆုတောင်းလေ
ဆုတောင်းလေ
~~~~~~~~~
ငါက ဂရိနတ်ဘုရား မဟုတ်ဘူးလေ
သောင်ပြင်မှာ လွတ်နေတဲ့ လူဟာ ငါပေါ့
ကားတံခါးကို ဝုန်းခနဲ ဆောင့်ပိတ်ဖို့
အကြာကြီးကြိုးစားခဲ့ရတယ် သိလား
နင်အထင်ကြီးတဲ့ ဒေါ်လာစက္ကူတွေကို စုတ်ဖြဲ
ငါတစ်ယောက်တည်း အခါခါ ရယ်မောဖူးတယ်
နာကြည်းဖူးတဲ့ယောက်ျားဆိုတာ
နာကျင်ဖူးတဲ့ မိန်းမထက်ပိုပြီး ခံနိုင်ရည်ရှိတယ်လေ
ဒုက္ခနဲ့ လှလှကြီးနဲ့ ငါ့ဆီပူးတွဲရောက်လာတုန်းက
ငါ နင့်ကို ဘာမဆိုင်ညာမဆိုင် သတိရဖူးတယ်
အခုလို ငါနင့်ကို မေ့ပစ်နိုင်ချိန်ရောက်မှတော့
ငါ့ကို ပြုံးမပြနဲ့တော့ ကောင်မလေးရေ......
နေရာတစ်ခု၏ပြဿဒါး
နေရာတစ်ခု၏ပြဿဒါး
~~~~~~~~~~~~
မြေပြန့်မှာ
ခြေဆန့်တာငြီးငွေ့
ပျော်ရွှင်စရာတွေ့ရနိုးနဲ့
တောင်ရိုးဆီတတ်ခဲ့တယ်.....
ဆူးလွှမ်းကြမ်းရှ
သားရဲဆိုးတွေရင်ဆိုင်ရပေမယ့်
ရောက်ရမယ့်တောင်ထိပ်ကိုတမ်းတ
စိတ်ကူးယဉ်ပြီးကြည်နူးခဲ့ရတယ်........
အချိန်များစွာစတေး
သိက္ခာ ငွေကြေးတွေ အပွန်းခံ
ထိပ်ဆုံးနေရာမှာ စံနေရပြီ.......
မနေ့က
လမ်းလျှောက်ထွက်ခဲ့ခဏ
အာရုံငါးလီနွမ်းလျချိန်မှာ
အမှတ်မထင်မြင်လိုက်ရတာ
အိုး......
သိပ်လှတဲ့မြေပြန့်ပါလားကွယ်........
Wednesday, June 17, 2015
ငါ့လက်ကလွတ်ကျသွားသောစနေနေ့
ငါ့လက်ကလွတ်ကျသွားသောစနေနေ့
~~~~~~~~~~~~~~~~~~~~
အလင်းမှုန်တို့အိပ်ပျော်သောဓူဝံကြယ်ည
မ အက္ခရာနဲ့ကောင်မလေးကငါ့ကို သတိရ
ရွာထိပ်ကဇရပ်ပေါ်ဇိမ်ယူနေသောသူတောင်းစား
နွေရာသီကို အပြတ်အသတ် အနိုင်ယူသွား
ကြယ်ခြောက်ပွင့်ဟိုတယ်ပေါ်က မိန်းမပျို
ရယ်မောသံကို ringtone လုပ်ထားတယ်ဗျို
ပုတီးစိပ် မေတ္တာပို့ တရားထိုင်တဲ့ အမေကြီး
သက္ကာယဒိဌိကို မကြားဖူးဘူး လို့ ညည်း
ကလေးတွဲလောင်းအကြွေးညောင်း အကြော်သည်
သမီးလေးကို ခါးခါးလူးပေးနေတယ်
အတ္တကို ကျစ်နေအောင်ဆုပ်ကိုင်ထားတဲ့ ငါ
အဲဒီ စနေနေ့မှာ ချစ်သူကို လွမ်းတယ် လို့ ညာ
Tuesday, June 16, 2015
အရက်သမားများနှင့်တစ်ညနေ
အရက်သမားများနှင့်တစ်ညနေ
~~~~~~~~~~~~~~~~~~~
တောက်!!! မြန်မာအသင်းကွာ
ဆွတ်ပျံ့ဖွယ်ရာတေးချင်းကိုငါညည်းအံ့
မင်းပဲ ရွှေပတ်ပဲသောက်ချင်တာဆို
နေရောင်ကရွှေရောင်ကိုလုယူထားတော့၏
ပွင့်ပွင့်လင်းလင်းပြောရရင် ငါသူ့ကိုမကျေနပ်ဘူး
ထိုသို့ဖြင့် လေနုအေးသည် ခါးသက်စွာ ငိုပြီ
ဘဝဆိုတာ ကိုယ်လိုရာ ကပြရတာမှမဟုတ်တာကွာ
တိမ်မျှင်တို့က အိပ်တန်းပြန်ငှက်များကိုငုံ့ကြည့်ကြ
ဒီမိန်းမကြောင့်နေ့တိုင်းသောက်ဖြစ်နေတာ
ခါတိုင်းနဲ့မတူတဲ့လမ်းမကြီးကခါတိုင်းလိုလှပ
အနုပညာကိုအဓိပ္ပါယ်ဖွင့်ကြည့်ရအောင်ဟေ့
မသာသေးတဲ့လမင်းကအံ့ဩစွာငေးမော
ဒီလုပ်ငန်းကိုစိတ်ကုန်နေတာကြာပါပြီကွာ
အဲဒီလို စက္ကန့်တွေဟာ အမှောင်ကိုငံ့လင့်နေတော့၏
Sunday, June 14, 2015
U 23 သို့ အလေးပြုခြင်း
U 23 သို့ အလေးပြုခြင်း
~~~~~~~~~~~~~
ချစ်ခင်လွန်းလို့
ရင်းနှီးလွန်းလို့
မင်းတို့ကို
ငါ့ကောင်တွေ လို့ ခေါ်မယ်ကွာ...
ဗီယက်နမ်နဲ့ပွဲမှာ
မင်းတို့ ကြိုးစားသွားတာ တန်တယ်
မင်းတို့ ဘောလုံးပညာပြတာ မိုက်တယ်
မင်းတို့ ညီညွတ်ပြသွားတာ လှတယ်
အမလေးးးးးးး
ငါတောင် ကြက်သီးတဟီးဟီးထတယ်
နိုင်ငံတော်သီချင်း စဆိုကတည်းက
ငါ ......
မျက်ရည်ဝဲရ
မြန်မာပြည်ကို ချစ်လွန်းလို့ပါကွ
မြန်....မာ
မြန်....မာ
မြန်.....မာ
မြန်.....မာ
အားပေးသံတွေမိုးသို့ဟိန်း
ငါ့နားတွေကျိန်းစပ်ကုန်ပြီကွာ.....
ငါ့ကောင်တွေ ရေ
မင်းတို့ခြေထဲဘောလုံးရှိရင်
ငါ.....
ရင်တခုန်ခုန်(အပျော်နဲ့)
သူတို့ခြေထဲဘောလုံးရောက်ရင်
ငါ......
ရင်တဖိုဖို(ပူပန်မှုနဲ့)
မယုံရင်ငါ့ရင်ကိုလာစမ်းလှည့်စမ်းပါ
ငါ့ကောင်တွေ ရေ
မင်းတို့ကို အားပေးနေသူတွေထဲမှာ
ကလေးမွေးခါနီး မိခင်လောင်းတွေပါတယ်
ရှေ့တန်းထွက်တော့မယ့်စစ်သားတွေပါတယ်
စာသင်ခန်းဝင်လုနီးဆရာတွေပါတယ်
ခွဲစိပ်ခန်းဝင်ဖို့ပြင်နေတဲ့ပါရဂူတွေပါတယ်
လက်လုပ်လက်စားတွေပါတယ်
အောက်ခြေဝန်ထမ်းလေးတွေပါတယ်
စာမတတ်တဲ့ကလေးငယ်တွေပါတယ်
ယုတ်စွအဆုံး......
မျက်စိလုံးလုံးမမြင်သူတွေတောင်
နားထောင်အားပေးနေကြတယ် ကွ......
ဒုန်း.....ဒုန်း....ဒုန်း.......
အားရပါးရစားပွဲကိုထုတဲ့အသံတွေ
ဖြောင်း...ဖြောင်း....ဖြောင်း....
အူလှိုက်သည်းလှိုက်တီးတဲ့လက်ခုပ်သံတွေ
မြန်မာကွ....အဲဒါမြန်မာ
ရင်ခေါင်းခြစ်ပြီးကျူးရင့်သံတွေ
ဓူဝံကြယ်တောင်လန့်ပြီးကြွေမတတ်ပါပဲ
ဘောလုံးဆိုတာ
ခြေထောက်နဲ့ကစားတာမဟုတ်ဘူး
ဦးနောက်နဲ့ကစားတာ
စည်းလုံးမှုနဲ့ကစားတာ
မျိုးချစ်စိတ်နဲ့ကစားတာ
မင်းတို့မှာ ဒါတွေပြည့်စုံ
တစ်တိုင်းပြည်လုံးယုံပါတယ် ကွာ
ကမ္ဘာ့အလယ်မှာ
မြန်မာ့ဘောလုံးနေရာ
ရွှေဆုနဲ့ဝေးကွာခဲ့တာ
ဆယ်စုနှစ်များစွာ ကြာ
မင်းတို့ အခွင့်အရေး ရတုန်းမှာ
ယူခဲ့ကြစမ်းပါ ကွာ......
အောင်ပွဲနဲ့ပြန်လာမယ့်လမ်း
ရွှေဖလားပိုက်လာမယ့် အပြန်
မြန်မာနိုင်ပြီ သီချင်းသံဝင့်
ငါ.......
မချင့်မရဲဖြစ်နေပြီကွာ........
Saturday, June 13, 2015
You raise me up
"You Raise Me Up"
မင်းက ငါ့ကို စိတ်အားမြင့်စေတာပါ
~~~~~~~~~~~~~~~~~~~~~~
When I am down and, oh my soul, so weary;
When troubles come and my heart burdened be;
Then, I am still and wait here in the silence,
Until you come and sit awhile with me.
ငါ ကျရှုံးနေတဲ့အခါ
ငါ့စိတ်ဝိဥာဉ်ငြီးငွေ့နေတဲ့အခါ
ဒုက္ခတွေရောက်လာပြီးငါ့နှလုံးသားဝန်ပိနေတဲ့အခါ
ငါ တိတ်တဆိတ်စောင့်ရင်း ငြိမ်သက်နေတယ်
မင်း ရောက်လာပြီး ငါ့ဘေးမှာထိုင်တဲ့အထိပေါ့
You raise me up, so I can stand on mountains;
You raise me up, to walk on stormy seas;
I am strong, when I am on your shoulders;
You raise me up... To more than I can be.
မင်းကငါ့ကို စိတ်အားမြှင့်ပေးတယ်
ဒါ့ကြောင့် တောင်တန်းတွေပေါ်ငါ ရပ်တည်နိုင်ခဲ့
မင်းကငါ့ကို စိတ်ဓာတ်မြှင့်ပေးတယ်
မုန်တိုင်းထန်ပင်လယ်ထဲကူးခတ်ဖို့
မင်းရဲ့ပခုံးလေးကိုမှီရတဲ့အခါ
ငါ ခွန်အားတွေအလိုလိုရှိလာ
မင်းက ငါ့ကိုစိတ်အားမြှင့်ပေးတယ်
ငါလုပ်နိုင်တာထက်ပို လုပ်နိုင်စေဖို့......
You raise me up, so I can stand on mountains;
You raise me up, to walk on stormy seas;
I am strong, when I am on your shoulders;
You raise me up... To more than I can be.
မင်းကငါ့ကို စိတ်အားမြှင့်ပေးတယ်
ဒါ့ကြောင့် တောင်တန်းတွေပေါ်ငါ ရပ်တည်နိုင်ခဲ့
မင်းကငါ့ကို စိတ်ဓာတ်မြှင့်ပေးတယ်
မုန်တိုင်းထန်ပင်လယ်ထဲကူးခတ်ဖို့
မင်းရဲ့ပခုံးလေးကိုမှီရတဲ့အခါ
ငါ ခွန်အားတွေအလိုလိုရှိလာ
မင်းက ကိုယ့်ကိုစိတ်အားမြှင့်ပေးတယ်
ငါလုပ်နိုင်တာထက်ပို လုပ်နိုင်စေဖို့......
You raise me up, so I can stand on mountains;
You raise me up, to walk on stormy seas;
I am strong, when I am on your shoulders;
You raise me up... To more than I can be.
မင်းက ငါ့ကို စိတ်အားမြှင့်ပေးတယ်
ဒါ့ကြောင့် တောင်တန်းတွေပေါ်ငါ ရပ်တည်နိုင်ခဲ့
မင်းကငါ့ကို စိတ်ဓာတ်မြှင့်ပေးတယ်
မုန်တိုင်းထန်ပင်လယ်ထဲကူးခတ်ဖို့
မင်းရဲ့ပခုံးလေးကိုမှီရတဲ့အခါ
ငါ ခွန်အားတွေအလိုလိုရှိလာ
မင်းက ကိုယ့်ကိုစိတ်အားမြှင့်ပေးတယ်
ငါလုပ်နိုင်တာထက်ပို လုပ်နိုင်စေဖို့......
You raise me up, so I can stand on mountains;
You raise me up, to walk on stormy seas;
I am strong, when I am on your shoulders;
You raise me up... To more than I can be.
မင်းကငါ့ကို စိတ်အားမြှင့်ပေးတယ်
ဒါ့ကြောင့် တောင်တန်းတွေပေါ်ငါ ရပ်တည်နိုင်ခဲ့
မင်းက ငါ့ကို စိတ်ဓာတ်မြှင့်ပေးတယ်
မုန်တိုင်းထန်ပင်လယ်ထဲကူးခတ်ဖို့
မင်းရဲ့ပခုံးလေးကိုမှီရတဲ့အခါ
ငါ ခွန်အားတွေအလိုလိုရှိလာ
မင်းက ငါ့ကိုစိတ်အားမြှင့်ပေးတယ်
ငါလုပ်နိုင်တာထက်ပို လုပ်နိုင်စေဖို့......
You raise me up... To more than I can be
မင်းက ငါ့ကိုစိတ်အားမြှင့်ပေးတယ်
ငါလုပ်နိုင်တာထက်ပို လုပ်နိုင်စေဖို့......
Westlife ၏ အထက်ပါ သီချင်းကို ဘာသာပြန်ပေးရန်တောင်းဆိုသော Min Thu Kha အတွက်.........