Tuesday, April 7, 2015

The Gladness of Nature

The Gladness of Nature
သဘာဝတရား၏ကျေနပ်စရာများ
~~~~~~~~~~~~~~~

Is this a time to be cloudy and sad,
When our mother Nature laughs around;
When even the deep blue heavens look glad,
And gladness breathes from the blossoming ground?

ဒါဟာ တိမ်ထူမယ့်အချိန်လား ဝမ်းနည်းစရာအချိန်လား
ငါတို့ရဲ့ မိခင်သဘာဝတရားက ရယ်သွမ်းသွေးတဲ့အခါ
ပြာရင့်ရင့်ကောင်းကင်ကြီးတောင် ပျော်မဆုံးဖြစ်တဲ့အခါ
ပြီးတော့ ကြည်နူးမှုက ပန်းပွင့်တဲ့မြေပြင်ကို နမ်းရှိုက်တဲ့အခါ

There are notes of joy from the hang-bird and wren,
And the gossip of swallows through all the sky;
The ground-squirrel gaily chirps by his den,
And the wilding bee hums merrily by.

စာဗူးတောင်းနဲ့နှံပြည်စုပ်ငှက်လေးတွေဆီမှာ
ပျော်ရွှင်ခြင်းမှတ်တမ်းတွေအများကြီးရှိတယ်
ပျံလွှားငှက်တွေရဲ့အတင်းအဖျင်းစကားတွေကောင်းကင်အနှံ့ပါပဲ
မြေပြင်ပေါ်ကရှဥ့်လေးများ သူတို့စားကျက်မှာ ပျော်ပါးစူးရှအော်မြည်
ပျားရိုင်းတွေလည်းအနီးအနားမှာ အချက်ပြအသံပေးနေကြ

The clouds are at play in the azure space,
And their shadows at play on the bright green vale,
And here they stretch to the frolic chase,
And there they roll on the easy gale.

တိမ်တွေက ကြည်လင်တဲ့ဟင်းလင်းပြင်မှာ ဆော့ကစားနေကြ
သူတို့ရဲ့အရိပ်တွေက စိမ်းမြမြမြစ်ဝှမ်းတစ်လျှောက် ပြေးလွှားကြ
အချင်းချင်း စိန်လိုက်တမ်းကစားသလို ထင်ရ
သူတို့ဟာ ညင်သာပေါ့ပါးတဲ့ လေပြင်းထဲမှာ လူးလိမ့်နေရ

There's a dance of leaves in that aspen bower,
There's a titter of winds in that beechen tree,
There's a smile on the fruit, and a smile on the flower,
And a laugh from the brook that runs to the sea.

ထင်းရှူးပင်ရဲ့ရင်ခွင်ထဲမှာ သစ်ရွက်လေးတွေကခုန်နေတယ်
မီးခိုးရောင်သစ်ပင်ကြီးရဲ့ရင်ခွင်ထဲမှာ လေညင်းရဲ့တခစ်ခစ်ရယ်သံရှိတယ်
သစ်သီးတစ်လုံးရဲ့အပြုံးတစ်စ ပန်းတစ်ပွင့်ပေါ်ကအပြုံးလှလှရှိတယ်
ပြီးတော့ ပင်လယ်ဆီပြေးသွားနေတဲ့ ချောင်းကလေးရဲ့ ရယ်သံရှိတယ်

And look at the broad-faced sun, how he smiles
On the dewy earth that smiles in his ray,
On the leaping waters and gay young isles;
Ay, look, and he'll smile thy gloom away.

ဝိုင်းစက်စက်နေမင်းကြီးကို ကြည့်လိုက်စမ်းပါ သူ ဘယ်လို ပြုံးနေတာလဲ
သူ့အလင်းတန်းကြားမှာ ပြုံးနေတဲ့ နှင်းကျဲမြေကမ္ဘာပေါ်မှာ............
လှိုင်းပုတ်နေတဲ့ရေပြင်တွေနဲ့ ကျွန်းသေးသေးတွေပေါ်မှာ .............
အားးးးး..ကြည့်စမ်းဟေ့........
သူ ........
ဟိုး.....အဝေး အမှောင်ထဲကနေ ပြုံးနေမှာပေါ့

William Cullen Bryant ၏ ကဗျာကို ရင်​ခုန်​သည်

No comments:

Post a Comment