Monday, April 6, 2015

Drinking Alone

Drinking Alone
တစ်ယောက်တည်းအရက်သောက်ခြင်း
~~~~~~~~~~~~~~~~~

I take my wine jug out among the flowers
to drink alone, without friends.

ပန်းပွင့်တွေအလယ်မှာ  ဝိုင်ခွက်ကို ငါ ယူလိုက်တယ်
အပေါင်းအသင်းတွေမပါဘဲ တစ်ကိုယ်တည်းသောက်မလို့

I raise my cup to entice the moon.
That, and my shadow, makes us three.

ငါ့အရိပ်နဲ့လမင်းကို အဖော်ပြုချီးမြှောက်ဖို့ ဝိုင်ခွက်ကို မြှောက်လိုက်တယ်
ငါတို့တတွေ သုံးယောက်တောင်ဖြစ်သွားတာပေါ့

But the moon doesn't drink,
and my shadow silently follows.

ဒါပေမယ့် လမင်းက မသောက်ဘူး
ငါ့အရိပ်ကတော့ တိတ်တိတ်လေး လိုက်နာလေရဲ့

I will travel with moon and shadow,
happy to the end of spring.

လမင်းရယ် အရိပ်ရယ် ငါရယ် အတူခရီးသွားမယ်
နွေဦးကုန်တဲ့အထိ ပျော်ရွှင်စွာ ကြည်နူးစွာ

When I sing, the moon dances.
When I dance, my shadow dances, too.

ငါ တေးဆိုတဲ့အခါ လမင်းက ကတယ်
ငါ ကတဲ့အခါ ငါ့အရိပ်လည်း ကတယ်

We share life's joys when sober.
Drunk, each goes a separate way.

အရက်မသောက်တဲ့အခါ ဘဝရဲ့ ကျေနပ်စရာတွေငါတို့မျှဝေကြတယ်
မူးလာတဲ့အခါ တစ်ယောက်စီ ကိုယ့်လမ်းကိုယ်လျှောက်ကြတယ်

Constant friends, although we wander,
we'll meet again in the Milky Way.

ခြေဦးတည့်ရာ သွားကြပေမယ့် သစ္စာရှိတဲ့ မိတ်ဆွေတွေဟာ
ကောင်းကင်ဘုံမှာ (နဂါးငွေ့တန်းမှာ) ပြန်ဆုံကြတာပေါ့ ကွယ်

Li Po ၏ ကဗျာကို သဘောကျသလို ပြန်ဆိုပါသည်

No comments:

Post a Comment