Monday, April 20, 2015

မိုးတိမ်​များနှင့်​စကား​ပြောခြင်း

မိုးတိမ်​များနှင့်​စကား​ပြောခြင်း
~~~~~~~~~~~~~~~~~

မြစ်​​ချောင်းပင်​လယ်
ဝမ်းနှင့်​လွယ်​၍
ထည်​ထည်​၀ါဝါ 
ကောင်းကင်​ပြာထဲ
ဝေ့ကာဝဲရင်း
စွဲမြဲဖြစ်​တည်
တိမ်​ပန်းချီ​ပေါ့
နှင်းရည်​ဖြစ်​လိုက်
မိုးဖြစ်​လိုက်​နှင့်
ငွေ့ရိုက်​မြူမှုန်
တစ်​လှည့်​ကြုံ၏
စေ့စုံဘဝ
ငါ အားကျမိ
မျှော်​ တ သူ့ကို
စကားဆိုမိ
မေးမြန်းမိပြီ.......။

အချင်း တိမ်​ညို
ငါ့ကို ​ပြောပြ
သင့်​ဘဝကို
အားရ​ကျေနပ်
နှစ်​သက်​သလား

ဘဝဆိုတာ
ကိုယ်​ကျရာဇာတ်
ကပြတတ်​ဖို့
မြင့်​မြတ်​ဖြူစင်
စိတ်​ကြည်​လင်​ဖို့
အသင်​ သူ ငါ
ဘယ်​သူဘာဖြစ်
စိတ်​မညစ်​​စေဖို့
ပိုလို့အ​ရေးကြီးတယ်​မဟုတ်​လား...။

ငါ၏ ​နေရာ
ငါ့ဝန်​တာသည်
နေခြည်​စူးစူး
အပူထူးကို
ဖြန့်​ကူးကာ​နေ
အေးမြ​စေဖို့
နွေ​နွေမိုးမိုး
ငါတိမ်​ကျိုးလျှင်
ဆိုးဆိုးရွားရွား
လောကသား​တွေ
အပူ ​ပွေလိမ့်
စိတ်​ရှည်​ခွင့်​လွှတ်
မိုးသားဆွတ်​မှ
တိမ်းညွတ်​​မေတ္တာ
အေးမြပါလိမ့်
ငါ့တာဝန်​လည်း​ကျေရမည်​...။

ဤ​မြေကမ္ဘာ
စည်​​ဝေသာဖို့
နေရာ ​ပေါင်းစုံ
ပန်း​နံ့ထုံဖို့
မြစ်​စုံ​ချောင်းခွ
ရေကြည်​ရဖို့
ရွှင်​ပျစိတ်​ရင်း
ငါ တိမ်​မင်းသည်
ချက်​ချင်း မိုးရွာ
နှင်းဖြစ်​ခါနှင့်
မြူပြာလှပ
ပြောင်းလဲရ၏
ဘဝဓိပ္ပါယ်
ပေးဆပ်​လွယ်​မိ
တကယ်​​ကျေနပ်​​နေပါသည်​...။

No comments:

Post a Comment