Saturday, April 25, 2015

Light

Light
အလင်း​ရောင်
~~~~~~~~

The night has a thousand eyes,
And the day but one
Yet the light of the bright world dies,
With the dying sun.

ညအ​မှောင်​မှာ ကြယ်​​ရောင်​ဖြာ
မ​ရေတွက်​နိုင်​​အောင်​များလှတာ...။
နေ့ခင်းအခါ ​နေတစ်​စင်းသာ
အထီးကျန်​လို့ထင်​ကြမှာ.....။
သို့ပင်​​သော်​ငြား ပြန်​စဉ်းစား
နေမရှိတဲ့ကာလများ
ဟော့ဒီကမ္ဘာအ​မှောင်​ဖြစ်​သွား.....။

The mind has a thousand eyes,
And the heart but one,
Yet the light of a whole life dies,
When love is done.

စိတ်​ကူးထဲမှာ အ​တွေးများစွာ
ကွဲပြားခြားနားရှုပ်​​ထွေးစွာ...။
နှလုံးသားမှာ အချစ်​တစ်​ခုသာ
သိမ်​​မွေ့ နုညံ့ရိုးရှင်းစွာ...။
သို့ပင်​​သော်​ငြား ပြန်​စဉ်းစား
မေတ္တာ​ပျောက်​တဲ့​လောကတလွှား
ပျက်​ဆီးဆုံးရှုံးအ​မှောင်​ကျသွား......။

ဘာသာပြန်​ကဗျာများကို ကြိုက်​တတ်​​သော
Friend တစ်​​ယောက်​အတွက်​ ​ရေးပါသည်​။


No comments:

Post a Comment