Monday, April 6, 2015

A Woman's Last Word

A Woman's Last Word
မိန်းမတစ်ယောက်ရဲ့နောက်ဆုံးစကားတစ်ခွန်း
.......................................................................

Let's contend no more, Love,
  Strive nor weep:
All be as before, Love,
  —Only sleep!

ယှဉ်ပြိုင်မှုတွေရပ်ကြစို့ ချစ်သူ
ကြိုးပမ်းတာတွေရပ် ငိုကြွေးခြင်းတွေနား
အားလုံးအရင်ကလိုဖြစ်ရမယ် ချစ်သူ
ငြိမ်သက်ခြင်းသာ တလူလူ.....

What so wild as words are?
  I and thou
In debate, as birds are,
  Hawk on bough!

ဘယ်လောက်ရိုင်းပျတဲ့စကားတွေလဲ
နင် နဲ့ ငါ
အငြင်းပွားနေလိုက်ကြတာ
ငှက်တွေသစ်ကိုင်းပေါ်မှာ ရန်တွေ့နေသလို

See the creature stalking
  While we speak!
Hush and hide the talking,
  Cheek on cheek!

ကြည့်စမ်း....
ငါတို့ စကားပြောနေတုန်း
တစ်ယောက်ယောက်လိုက်လာတာ
ငြိမ်သက်ဖုံးကွယ်
ငါတို့ ပါးချင်းအပ်ကြမယ်လေ

What so false as truth is,
  False to thee?
Where the serpent's tooth is
  Shun the tree—

မှားနေတဲ့အမှန်တရားက
နင့်အတွက် ဘာလှည့်စားပြသလဲ
သစ္စာမဲ့သူရဲ့မုသားတွေ
မှိုလိုပေါက်တဲ့နေရာမှာ...

Where the apple reddens
  Never pry—
Lest we lose our Edens,
  Eve and I.

အချစ်တွေစွေးစွေးနီတဲ့ဝန်းကျင်မှာ
ဘယ်တော့မှ မစပ်စုပါနဲ့ကွယ်
ဧဝရယ်၊ ငါရယ်
အာဒံကိုဆုံးရှူံးမှာပဲ စိုးရွံတယ်......

Be a god and hold me
  With a charm!
Be a man and fold me
  With thine arm!

နင်က
မေတ္တာတရားနဲ့
ငါ့ကိုထွေးပွေ့ထားတဲ့ နတ်သားဖြစ်ပါစေ
နင့်ရဲ့ပိုင်ဆိုင်မှုနဲ့
ငါ့ကိုသိမ်းပိုက်ထားတဲ့ယောက်ျားတစ်ယောက်ဖြစ်ပါစေ

Teach me, only teach, Love
  As I ought
I will speak thy speech, Love,
  Think thy thought—

ငါ့ကို သင်ကြားပါ
ငါသိသင့်သလို သင်ရုံသင်ပြပါချစ်သူ
နင်တွေးခဲ့သမျှကို စဉ်းစားပါ
နင့်ရဲ့စကားတွေငါပြောမယ်ချစ်သူ

Meet, if thou require it,
  Both demands,
Laying flesh and spirit
  In thy hands.

လိုအပ်လို့နင်တောင်းဆိုခဲ့ရင်
နင့်ရဲ့ရင်ခွင်ထဲမှာ
ငါ့စိတ်နဲ့ခန္ဓာနှစ်ခုလုံးမှေးစက်လဲလျောင်းဖို့
ဆုံတွေ့လှည့်ပါ ချစ်သူ

That shall be to-morrow
  Not to-night:
I must bury sorrow
  Out of sight:

ဒီညတော့မဟုတ်ဘူး
ကြေကွဲစရာတွေကိုမြှုပ်နှံရမှာ
မမြင်နိုင်တော့မယ့်နေရာ
မနက်ဖြန်ခါဖြစ်နေမလား

—Must a little weep, Love,
  (Foolish me!)
And so fall asleep, Love,
  Loved by thee.

နည်းနည်းတော့ငိုပါရစေ
(ငါ့ကို ရူးသွပ်စေသူရေ...)
အိပ်စက်ခြင်းတွေ ရယူ
ငါက နင့်ရဲ့ချစ်သူလေ.....

Robert Browning ၏ကဗျာကို ဦးနောက်စားသည်။

No comments:

Post a Comment