Thursday, April 16, 2015

စွန့်​ပစ်​ခံည​နေရဲ့မာန​အော်​သံ

စွန့်​ပစ်​ခံည​နေရဲ့မာန​အော်​သံ
~~~~~~~~~~~~~~~~~

မြက်​ပင်​​လေး​တွေကြားထဲမှာ
ပုရွက်​ဆိတ်​နှစ်​​ကောင်အချင်းချင်းမျက်စပစ်​​​​ကြ

ညောင်​ညိုပင်​ရဲ့အရိပ်​ပါးပါးက
ဗျိုင်းအုပ်​ကြီးကိုချစ်​​နေပုံများ အားကျစရာ

နေ​ရောင်​ခြည်​ကို ခွင့်​လွှတ်​လိုက်​တဲ့ ပင်​လယ်​မှာ
ငါ့ကို တမ်းတသူရဲ့ မျက်​ရည်​​တွေပါသွားတယ်

စမ်း​ချောင်း​လေးကို​မွေးစားမိတဲ့​ကျောက်​စရစ်​ခဲ​လေး​တွေက
ကောင်းကင်​ပြာပြာအတွက်​ဝမ်းနည်း​နေ​သေးရဲ့

အ​နောက်​ဖက်​​တောင်​တန်းကြီးကို​ငေး​နေတဲ့လယ်​သူမ
ပုန်း​နေတဲ့လမင်းရဲ့အပြုံးကိုအပိုင်​ရတယ်

တိမ်​​ရောင်စုံ​ဝိုင်းဖွဲ့ထားတဲ့အ​ေ​မ့ခံညေ​နတစ္ခုကို
သက္ကရာဇ်လွန်​​​​​လေညင်းကလုယူသွားတယ် 

လေအ​ဝှေ့မှာလွင့်​ပါ​နေတဲ့နင့်​ဆံနွယ်​​တွေ​ကြောင့်
ဟောဒီည​နေဟာသူ့ကိုယ်​သူအဆုံးစီရင်​လိုက်​တယ်

No comments:

Post a Comment