Tuesday, April 21, 2015

အချစ်​ဆိုသည်​မှာ

အချစ်​ဆိုသည်​မှာ
~~~~~~~~~~

အချစ်​ဆိုတာ
တစ်​​နွေလုံးကို သိမ်းပိုက်​ထားတဲ့
ရွက်​ဝါ​လေးရဲ့ လဲ​လျောင်းရာဖြစ်​တယ်​....။

အချစ်​ဆိုတာ
ဘယ်​သူမှပြန်​ဆိုလို့မရတဲ့
ထူးအိမ်​သင်​ရဲ့သီချင်းတစ်​ပုဒ်​ဖြစ်​တယ်​...။

အချစ်​ဆိုတာ
နှလုံးသားက​ပေးပို့လိုက်​တဲ့
မျက်​ဝန်းတစ်​စုံရဲ့အတ္တဖြစ်​တယ်​...။

အချစ်​ဆိုတာ
ကံကြမ္မာကို စိန်​​ခေါ်လိုက်​တဲ့
နုညံ့မှုရဲ့​စေစားရာဖြစ်​တယ်​.....။

အချစ်​ဆိုတာ
ဧဝမသိလိုက်​တဲ့
အာဒံရဲ့ရင်​ခုန်​သံအသစ်​ဖြစ်​တယ်​....။

အချစ်​ဆိုတာ
ပြတင်း​ပေါက်​​ဘောင်​​ပေါ်လာနားတဲ့
ငှက်​က​လေးတစ်​​ကောင်​ရဲ့လွတ်​လပ်​မှုဖြစ်​တယ်​...။

အချစ်​ဆိုတာ
ဒုက္ခ​တွေကို သံပတ်​​ပေးတဲ့
ဂငယ်​​ကွေ့မ​ကွေ့တဲ့လမ်းတစ်​ခုဖြစ်​တယ်​...။

အချစ်​ဆိုတာ
ဆောင်းရာသီကိုထမ်းပိုးထားတဲ့
နှင်းတစ်​ပွင့်​ရဲ့ပါးပြင်​​လေးဖြစ်​တယ်​...။

အချစ်​ဆိုတာ
လ​ရောင်​ကို​မွေးစားထားတဲ့
ပင်​လယ်​ရဲ့ဂုဏ်​ယူစရာဖြစ်​တယ်​...။

အချစ်​ဆိုတာ
ကောင်​မ​လေးတစ်​​ယောက်​ထံကပျံ့လွင့်​လာတဲ့
အပြစ်​ကင်းတဲ့ရယ်​သံ​လေးဖြစ်​တယ်​...။

No comments:

Post a Comment