Thursday, April 16, 2015

ဘာ​တွေမှန်းကိုမသိဘူး

ဘာ​တွေမှန်းကို မသိဘူး
~~~~~~~~~~~~~~

ဟိုးမှာ   တိမ်​​တွေကိုကြည့်​စမ်း လှလား
အဲဒါ​ကြောင့်​ အနီ​ရောင်​မဝတ်​ပါနဲ့ဆို
ခဏခဏ လိပ်​ပြာလွှင့်​ရတာ ​မောတယ်
တိုက်​ဆိုင်​လိုက်​တာ ငါလည်း လွမ်း​တော့မလို့
စေတသိတ်​ကို ပန်းချီဆွဲကြည့်​မလို့​လေ
ဘာ နင်​​ပြော​တော့ ဒီမိုက​ရေစီက အတုဆို
ဘာဖြစ်​ဖြစ်​ မနက်​ဖြန်​မှာ စက္ကန့်​​တွေကို ဖိုထိုးမယ်
စက်​ဘီးစီး​နေတာလည်းလှတာပဲ ညီမရယ်
ဟင့်​အင်း ဘုရားသခင်​ကို ​ကြောက်​တယ်​ဗျာ
ရေကြည်​ထဲကလရိပ်​​လေးက နင်​လား ဟင်
ဆွံ့အ​နေတဲ့အချစ်​ဆိုတာရှိလားမြှားနတ်​​မောင်
ကြာ​တော့ ငါ့နှလုံးသား ထိပ်​​ပြောင်​​နေပြီ
ရှိပါ​စေ​တော့ ဂျူးလိယက်​​ရေ ရှိပါ​စေ​တော့
ရှေး​ရေစက်​တစ်​မှုန်​ သံ​ယောဇဉ်​အစွမ်းကုန်​နဲ့
ငါ    ဆက်​ပြီး   ရင်​ခုန်​​နေအုံးမယ်​​လေ......

No comments:

Post a Comment