Wednesday, April 15, 2015

Just only one

Just only one
~~~~~~~~~

အမြင့်ဆုံးအဆင့်ချစ်လိုက်ကြတဲ့အခါ
အချစ်နှစ်ခုဟာတစ်ခုတည်းဖြစ်သွားတယ်
ချစ်သူနှစ်ဦးဟာတစ်ဦးတည်းဖြစ်သွားတယ်
နှစ်ခုသဘောပျောက်သွားတယ်
နှစ်ဦးသဘောပျောက်သွားတယ်
သူ့သဘောဟာကိုယ့်သဘောပဲ
သူ့ခြေရာဟာကိုယ့်ခြေရာပဲ

ပေါင်းစပ်တာမဟုတ်ဘဲရောနှောသွားတယ်
တိုင်ပင်မထားဘဲအရာရာတူညီနေတယ်
ဆန့်ကျင်ဘက်မရှိ
ငြင်းခုံခြင်းနတ္ထိ
သူ့အသိ ကိုယ့်အသိ ထပ်တူရှိ
ရင်ခုန်သံတွေ ကွက်တိ
အတွေးချင်း ထပ်မိ
အချစ်သမိုင်းမှာဘယ်တုန်းကမှမရှိ......

No comments:

Post a Comment