Thursday, April 30, 2015

Tears In Sleep

Tears In Sleep
အိပ်​ယာ​ပေါ်ကမျက်​ရည်​စများ
~~~~~~~~~~~~~~~~~

All night the cocks crew,
under a moon like day,
And I, in the cage of sleep,
on a stranger's breast,
Shed tears, like a task
not to be put away---

တစ်​ညလုံးကြက်​​တွေတွန်​ခဲ့ကြတာ
အလင်းရှရှလ​ရောင်​​အောက်​မှာ

ငါက​တော့ အိပ်​စက်​ခြင်းထဲ​လှောင်​ပိတ်​မိ
သူစိမ်းတစ်​​ယောက်​ရဲ့ရင်​ဘတ်​​ပေါ်မှာရှိ

မငြင်းဆန်​နိုင်​တဲ့တာဝန်​တစ်​ခုလို
ပါးပြင်​မှာ မျက်​ရည်​​တွေ စို......။

In the false light,
false grief in my happy bed,
A labor of tears,
set against joy's undoing.
I would not wake at your word,
I had tears to say.

သံစဉ်​မဲ့ အလင်း​ရောင်​ထဲမှာ
ပျော်​စရာအိပ်​ယာထဲက ဟန်​​ဆောင်​ပူ​ဆွေးမှုပါ

မျက်​ရည်​ပူ​တွေရဲ့ အလုပ်​တစ်​ခုက
ကြည်​နူးမှုရဲ့ ဆန့်​ကျင်​ရာကို တပ်​ဆင်​ပြ

သင့်​ရဲ့ ​စေရာ​ကြောင့်​ ငါ မနိုးထဘူးကွယ်
ပြောပြစရာမျက်​ရည်​​တွေ များလွန်းတယ်

I clung to the bars of the dream
and they were said,
And pain's derisive hand had given me rest
From the night giving off flames,
and the dark renewing.

အိပ်​မက်​ရဲ့အဆီးအတား​တွေကိုငါချင်းကပ်
နာကျင်​မှုရဲ့သ​ရော်​သံက ငါ့အ​တွေးကိုရပ်

လောင်​ကျွမ်းမှု​တွေကို အရှုံး​ပေးတဲ့ညက စလို့
နောက်​ထပ်​​မွေးဖွားလာမည့်​ အ​မှောင်​ထိ​အောင်​ လှလို့

Louise Bogan ၏ ကဗျာကို သ​ပြေသီး​ကောက်​သည်​။

Wednesday, April 29, 2015

Colour

Colour
အ​ရောင်​အဆင်း
~~~~~~~~~~
When I born, I black;
When I grow up, I black;
When I go in sun, I black;
When I scared, I black;
When I sick, I black;
And when I die, I still black.

မွေးလာ​တော့လည်း ငါ့အသား​ရေမဲမဲ
အရွယ်​​ရောက်​​တော့လည်း ငါ့အသား​ရေမဲမဲ
နေပူထဲထွက်​​တော့လည်း ငါ့အသား​ရေမဲမဲ
ဒဏ်​ရာရ​တော့လည်း ငါ့အသား​ရေမဲမဲ
ဖျားနာ​တော့လည်း ငါ့အသား​ရေမဲမဲ
သေဆုံးသွားလည်း ငါ့အသား​ရေမဲမဲ

And you white fellows:
When you born, you pink;
When you grow up, you white;
When you go in sun, you red;
When you cold, you blue;
When you scared, you yellow;
When you sick, you green;
When you die, you grey;
And you call me coloured.

ကဲ..ကို​ရွှေလူဖြူ​ကောင်​များ
သင်​တို့ ​မွေးဖွားလာ​တော့ ပန်း​ရောင်​​ဖျော့​ဖျော့
သင်​တို့ အရွယ်​​ရောက်​​တော့ အဖြူ​ကျော့​ကျော့
သင်​တို့ ​နေပူမိ​တော့ ရဲရဲ​ကော့​ကော့
သင်​တို့ အ​အေးနဲ့ထိ​တော့ အပြာ​လျော့​လျော့
သင်​တို့ ဒဏ်​ရာရ​တော့ အဝါ​သော့​သော့
သင်​တို့ နာမကျန်း​တော့ အစိမ်း​ပျော့​ပျော့
သင်​တို့ ​သေဆုံးကြ​တော့ မီးခိုး​ရောင်​​နော့​နော့
ဒါနဲ့​တောင်​ ငါတို့ကို အသားအ​ရောင်​ခွဲခြား
အိုး......မရှက်​ဘူးလားကွယ်​ရို့.........။

This poem was nominated as the best poem for 2005. It was written by an African Child.

Tuesday, April 28, 2015

P a r t i n g

P a r t i n g
ခွဲ ခွာ ခြင်း
~~~~~~~

THERE'S no use in weeping,
Though we are condemned to part:
There's such a thing as keeping
A remembrance in one's heart:

ငိုနေလို့ဘာထူးမှာလဲ
ငါတို့ မခွဲခွာချင်ပေမယ့်လည်း
တစ်ဦးစီရဲ့နှလုံးသားထဲမှာ
သိမ်းထားရမယ့်အရာတစ်ခုဟာ
သတိရခြင်းပါပဲ ......မေ

There's such a thing as dwelling
On the thought ourselves have nurs'd,
And with scorn and courage telling
The world to do its worst.

ငါတို့အချင်းချင်းပြုစုခဲ့ကြတဲ့အတွေးဟာ
အိမ်တစ်အိမ်ထဲမှာလိုပဲမဟုတ်လားကွာ
ပြီးတော့ မထီမဲ့မြင် အပြုအမူတွေနဲ့
လောကကိုအဆိုးဆုံးလုပ်ဖို့ပြောမယ့်သတ္တိတွေနဲ့

We'll not let its follies grieve us,
We'll just take them as they come;
And then every day will leave us
A merry laugh for home.

မိုက်မဲမှုတွေကငါတို့ကိုဝမ်းနည်းစေတာကို
ငါတို့ ခွင့်မပြုနိုင်ဘူး
သူတို့ကို အရှိအတိုင်းလက်ခံသွားရုံပေါ့
အဲဒီနောက် အိမ်အတွက် ပျော်စရာရယ်မောသံကို
နေ့စဉ် ငါတို့နဲ့အတူ ချန်ထားလိမ့်မယ်

When we've left each friend and brother,
When we're parted wide and far,
We will think of one another,
As even better than we are.

မိတ်ဆွေအချင်းချင်းညီအစ်ကိုအချင်းချင်း
ငါတို့တတွေ ခွဲခွာကြရတဲ့အခါ
အဝေးဆုံး အကွာဆုံး ဆုံခွင့်မရကြတဲ့အခါ
ငါတို့ တစ်ယောက်အကြောင်းတစ်ယောက်တွေးတော
အရင်ကထက်ပိုပြီး နားလည်ပေးကြမှာပါ....

Every glorious sight above us,
Every pleasant sight beneath,
We'll connect with those that love us,
Whom we truly love till death !

ခမ်းနားတဲ့မြင်ကွင်းတိုင်း ငါတို့ဖန်တီးကြမယ်
ကြည်နူးစရာဘဝတွေ ငါတို့တည်ဆောက်ကြမယ်
အပြန်အလှန်ချစ်ကြတဲ့ ငါတို့ချင်းဆက်သွယ်
သေဆုံးတဲ့အထိ စစ်မှန်စွာ မြတ်နိုးရစ်တွယ်

In the evening, when we're sitting
By the fire perchance alone,
Then shall heart with warm heart meeting,
Give responsive tone for tone.

ညနေခင်းမှာ ငါတို့ ထိုင်နေကြတဲ့အခါ
မီးဖိုဘေးမှာ နှစ်ကိုယ်တည်းအထီးကျန်စွာ
နှလုံးသားတွေဟာ ဆုံတွေ့နွေးထွေးသွား
ရင်ခုန်သံချင်း ဖလှယ်အသံပြုမလား

We can burst the bonds which chain us,
Which cold human hands have wrought,
And where none shall dare restrain us
We can meet again, in thought.

ငါတို့ကို ချိတ်ဆက်ထားတဲ့ချည်နှောင်မှုတွေကို ဖြည်ချ
အေးစက်မာကျောတဲ့လက်တွေကပြောင်းလဲပစ်ကြ
ဘယ်သူကမှငါတို့ကိုကန့်သတ်လို့မရဘူးကွာ
ငါတို့တတွေ အတွေးထဲမှာ ဆုံတွေ့ဖို့သေချာ

So there's no use in weeping,
Bear a cheerful spirit still;
Never doubt that Fate is keeping
Future good for present ill !

ဒါ့ကြောင့် ငိုမနေပါနဲ့ မိန်းကလေးရေ.....
ရွှင်ပျတဲ့စိတ်ကို မွေးဖွားလိုက်ပါ
ပစ္စုန်ပ္ပန်ရဲ့ နားမကျန်းဖြစ်မှုကြောင့်ပဲ
ကံကြမ္မာက အနာဂတ်ကောင်းဖို့ဖန်တီးမြဲဆိုတာ
သံသယမဖြစ်ပါနဲ့ ကွယ်....။

Charlotte Bronte ၏ ကဗျာကို ညောင်ပင်တစ္ဆေလုပ်သည်။

Monday, April 27, 2015

Window

The Window
ပြတင်းပေါက်
~~~~~~~~~

She looks out in the blue morning
and sees a whole wonderful world
she looks out in the morning
and sees a whole world

အပြာရောင်မနက်ခင်းကိုသူမသတိထားကြည့်မိတယ်
ပြီးတော့အံဖွယ့်တစ်လောကလုံးကိုမြင်ရတယ်
မနက်ခင်းကိုသူမသတိမူမိလို့
တစ်လောကလုံးကိုမြင်တာဗျို့

she leans out of the window
and this is what she sees
a wet rose singing to the sun
with a chorus of red bees

ပြတင်းပေါက်ရဲ့အပြင်ကိုသူမလေ့လာမိတယ်
ဒါ သူမ မြင်တဲ့အရာပါပဲကွယ်
နေကိုတေးဆိုပြနေတဲ့စိုစွတ်နှင်းဆီတစ်ပွင့်
အနီရောင်ပျားတွေရဲ့သံပြိုင်သံစဉ်နှင့်အတူအားမာန်ဝင့်

she leans out of the window
and laughs for the window is high
she is in it like a bird on a perch
and they scoop the blue sky

ပြတင်းပေါက်အပြင်ကိုသူမ ငဲ့စောင်းကြည့်မိတယ်
ပြီးတော့ ပြတင်းပေါက်ကမြင့်လို့ ရယ်မောမယ်
သစ်ကိုင်းပေါ်ကငှက်တစ်ကောင်နဲ့သူမ တူလွန်းလှ
သူတို့က ကောင်းကင်ပြာထဲ ထိုးတတ်သွားကြ

she and the window scooping
the morning as if it were air
scooping a green wave of leaves
above a stone stair

သူမနဲ့ပြတင်းပေါက်က မနက်ခင်းကိုအနိုင်ယူ
ကျောက်လှေခါးတစ်ခုပေါ်က
သစ်ရွက်စိမ်းစိမ်းတွေကို
လေဝှေ့တိုက်ခတ် ဗိုလ်ကျသလိုမျိုး......

and an urn hung with leaden garlands
and girls holding hands in a ring
and raindrops on an iron railing
shining like a harp string

ခဲသားရောင်ပန်းကုံးတွေနဲ့အတူ
အရိုးအိုးတစ်ခုကိုတွဲလောင်းချထားတယ်
မိန်းကလေးတွေကလက်ချင်းယှက်ပြီးဝိုင်းဖွဲ့ကြ
မိုးစက်မိုးပေါက်တွေ သံလက်တန်းတစ်ခုပေါ်ခုန်ချ
စောင်းကြိုးတစ်ချောင်းရဲ့ စူးရှမှုလိုလှပ......

an old man draws with his ferrule
in wet sand a map of Spain
the marble soldier on his pedestal
draws a stiff diagram of pain

အဖိုးအိုတစ်ယောက်က
စပိန်နိုင်ငံရဲ့မြေပုံကို
သူ့ရဲ့ထီးရိုးနဲ့ သဲစိုစိုပေါ်မှာရေးဆွဲ
အသည်းမာတဲ့စစ်သားက
သူ့ရဲ့ချိုင်းထောက်ပေါ်မှာ
နာကျင်မှုရဲ့ မာကျောပုံကိုရေးဆွဲနေတယ်

but the walls around her tremble
with the speed of the earth the floor
curves to the terrestrial center
and behind her the door

ဒါပေမယ့် သူမရဲ့စိုးရိမ်စိတ်ဟာနံရံတွေမှာတွဲခို
ကမ္ဘာ့လည်နှုန်းနှင့်အတူ မျောလွင့်လို
ကြေကွဲခြင်းက အနက်ရှိုင်းဆုံးထိ ဝင်ရောက်သွား
သူမရဲ့ နောက်ကျောမှာ ဖွင့်ထားတဲ့ ရင်လွှာတံခါး

opens darkly down to the beginning
far down to the first simple cry
and the animal waking in water
and the opening of the eye

ဘဝအစကို ပြန်ရရင် ရူးသွပ်ရာကျမလား
သန့်ရှင်းတဲ့ငိုသံလေးနဲ့ ဝေးခဲ့တဲ့ကာလများ
ရေထဲမှာ အိပ်ယာထနေတဲ့ သတ္တ၀ါ
မျက်လုံးဖွင့်လျက် တိတ်ဆိတ် ငြိမ်သက်စွာ

she looks out in the blue morning
and sees a whole wonderful world
she looks out in the morning
and sees a whole world.

မနက်ခင်းပြာပြာကို သူမ ရင်ဖိုစွာငေးမော
အံ့ဩစရာ လောကကြီးအကြောင်းတွေးတော
မနက်ခင်းမှာ သူမ အပြင်ကို ကြည့်မိ
တစ်လောကလုံးကို သူမ မြင်လိုက်၏

Conrad Aiken ၏ ကဗျာကို တတ်သလောက် ရွှီးပါသည်။

Artist's heart

အနုပညာနှလုံးသား
----------------------
ပန်းပွင့်တွေကိုလက်နဲ့ထိကြည့်တော့
ဗုံသံတွေကိုကြားတယ်

အမယ်အိုကြီးရဲ့ညည်းညူးသံဟာ
ဆေးသားထူထူပန်းချီဖြစ်လာတယ်

ဆန်အိုးထဲကြွက်သေနေတာတွေ့တော့
အစိုးရကိုလစာတိုးပေးလိုက်တယ်

ကောင်မလေးတစ်ယောက်ပြုံးနေတဲ့အခါ
ကဗျာကိုလေးတော်တင်လိုက်တယ်

ဆင်ရဲခြင်းနဲ့ထိပ်တိုက်တွေ့တော့လည်း
အနတ္တကိုဆေးလိုရှူတာပါပ

Jasmine

စပယ်ပျော်နေ့
------------
အဖြူအစိမ်းကစုတ်ချက်ကိုပိုင်စိုးတယ်
ရောင်စုံပန်းများအလှပြိုင်ဆူညံကြ

မိုးရာသီကခေတ္တခေါင်းငုံ့ထား
မင်္ဂလာပါ ဒီနေ့ရေပန်းစားဆုံး

အမေနဲ့အဖေ ပီတိဝေရင်ခုန်
အနာဂတ်ကိုမှတ်ပုံတင်ပြီ

မေတ္တာဖလှယ်ဘဝအသစ်စ
ထောင်တံခါးတွေပိတ်ကြပြီ

Doubt

သံသယရသ
--------------
ငါ့ကိုတိုက်မယ့်ခလုတ်တွေကိုအမလေးအော်ပစ်တယ်
မရွာသေးတဲ့တိမ်ညိုအလွင့်မှာစူးစူးရှရှငြိမ်သက်မယ်

သက်သေမရှိတဲ့စေတနာအချို့ကိုလွှင့်ထူပါရစေ
ငါက သာမန်ကျူရှင်ဆရာတစ်ယောက်လေ

စိန်စီသောမုသားတစ်လင်္ကာအတွက်
ပက်ပက်စက်စက် ကမ်ပိန်ရအောင်

ဟိုမှာ  နယူတန်ရဲ့ကဗျာတစ်ဗုဒ်
ပန်းသီးကိုဖုန်သုတ်ပါစေဦး

အလွမ်းရာသီ

အလွမ်းရာသီ
----------------
ဒီထီးတစ်လက်ရဲ့တန်ဖိုးဟာ
ကျေးဇူးတင်ပါတယ်နဲ့မွေးဖွားခဲ့
နင့်ရဲ့မာကျောအေးစက်နှုတ်ခမ်းတစ်မွှာအတွက်
ငါ  အိပ်ပျက်ခဲ့ရတယ်

ကောင်းကင်ပြာပြာရှားပါးရက်တွေထဲ
ငါ ခူးခဲ့တဲ့စပယ်ပန်းဖြူဖွေးဖွေး
နင့်အနမ်းတေးတွေနဲ့သာယာခဲ့ဖူးခဲ့

နင့်မှတ်စုစာအုပ်ထဲက ငါ့ခံစားချက်တွေ
ငါ့ဒိုင်ယာယီထဲကနင့်စကားလုံးတွေ
(အခုချိန်မှာ)
သေဆုံးကြပြီလား

ဦးနောက်ကိုရှေ့တန်းတင်ချိန်ရောက်
နင့်ရဲ့ဖြောင့်ချက်တွေအောက်မှာ
ငါ အခါခါနားလည်စိတ်မွေး
တိတ်တိတ်ကလေးလမ်းခွဲသွားခဲ့တာလည်း
စပယ်တွေ မွှေးချိန်ပါပဲကွယ်

အခုတော့
နင့်ကိုပထမဆုံးမိုးပေးခဲ့တဲ့ထီးကလေး
အရောင်မပြယ်သေးသလို
သစ္စာတရားကိုတန်ဖိုးထား
အညတြသမားတစ်ယောက်  ငါ
ကျောင်းဖွင့်စမိုးစက်တွေထဲမှာ
လူဝင်စားတစ်ယောက်ပမာ
လွမ်းနေဆဲပါ နင်ရယ်

NyiNyiHtoo

ညီညီထူး(ခေတ္တ)ဂျပန်သို့
------------------------------
မွေးနေ့ကိုအဓိပ္ပာယ်ဖော်မှပဲ
နံရံပေါ်က မှန် ကျကွဲ

ဂျပန်မှာ ကဲနေတဲ့ထူးရေ
မင်းရဲ့ ဆံပင်တွေဖြူရောပေါ့

ဂျူး ရဲ့စကားကို ငှားရရင်
ကမ္ဘာကြီးကို ငြိမ်းချမ်းစေချင်လိုက်တာ

မြန်မာချယ်ရီက ပိုလှသလား
ဂျပန်ချယ်ရီက ပိုလှသလား
မျိုးချစ်စိတ် ချဲ့ပြပါဦး

မင်း ချစ်တဲ့အနုပညာနဲ့
မင်း ကြိုက်တဲ့ အတတ်ပညာ
မြန်မာပြည်အတွက် မွှေးပါစေ

ငါတို့တတွေက
ခေါင်းဆောင်အချို့ကို လက်မခံတာထက်
ပြည်သူတွေကိုချစ်တာ ပိုပါတယ်

Light and dark

အလင်းအမှောင်ပြိုင်ပွဲ
--------------------------
ဆိတ်ငါးကောင်စက်ဘီးကသွက်တယ်အဖေရ
ဒယ်ဒီ့Landcruserကားကြီးကမမိုက်ပါဘူးဗျာ

ဟိုနေ့ကတွေ့ခဲ့အဖွားကြီးကိုသနားလိုက်တာ
အဒီအဖွားကြီးကိုကားနဲ့တိုက်မိတော့မယ်

ချဉ်ပေါင်ရွက်ကြော်ကအမေ့လက်ရာလား
ဒီဝက်စတူးတွေဝယ်လာပြန်ပြီလားမိနု

သားတို့ရပ်ကွက်ထဲမှာစတိတ်ရှိုးရှိတယ်တဲ့
ဒီsansaung flat ကြီးလဲလိုက်တော့မယ်ဗျာ

ကျောင်းအုပ်ကြီးကစည်းကမ်းကောင်းတယ်ကွ
အုပ်ကြီးကိုမုန့်ပုံးကန်တော့ရမယ်မာမီ

ဒီအင်္ကျီလေးကောင်းပါသေးတယ်မမရယ်
Junction8 မှာပစ္စည်းစုံရဲ့လား

ဒေါ်ချစ် မန်းဆေး သောက်ထားပါတယ်ဗျ
အဲဒီပါရဂူကြီးနဲ့မကုချင်ဘူးဗျာ

အဖေ့ကိုဦးချပြီးစားလေသားရဲ့
သားရဲ့ဒယ်ဒီကအပြင်ကစားခဲ့မယ်တဲ့

ရိုးသားတဲ့လူဖြစ်အောင်နေပါ ငါ့သား
မင်း အ,ရင်မင်းခံရမှာနော် my son

Myanmar students

ကျောင်းသားများ
-------------------
စင်္ကာပူကျောင်းသားတွေက
စာကြည့်တိုက်ထဲမှာသုတရသရှာနေတယ်

တရုတ်ကျောင်းသားတွေက
ကွန်ပြူတာရှေ့မှာနည်းပညာလေ့လာနေတယ်

ထိုင်းကျောင်းသားတွေက
အားကစားခန်းမထဲမှာအားသွန်လေ့ကျင့်နေတယ်

ဂျပန်ကျောင်းသားတွေက
စက်ရုံထဲမှာအတွေ့အကြုံဖလှယ်နေကြတယ်

မြန်မာကျောင်းသားတွေက
အရက်ဆိုင်ထဲမှာမူးလဲနေကြတယ်

ကမာ​ကောင်​​တေး

ကမာကောင်တေး
---------------------
လက်ပံပင်ဆက်ရက်ကျသလို
နင့်ကိုငါ  ဆူဆူညံညံချစ်တယ်

ရေးချင်တာရေးတဲ့ကဗျာမဟုတ်ဘူး
အက္ခရာတွေမှာပေါင်းကူးရှိတယ်ငါ့ကောင်ရေ

ဘဝဆိုတာအဓိပ္ပာယ်ထွေပြားသလို
အချစ်ဆိုတာနိုင်ငံရေးလိုရှည်လျားတယ်

မနေ့ကမွှေးခဲ့တဲ့ပန်းတွေဒီနေ့မြေပေါ်ရောက်
လောကကိုကြောက်တဲ့ချစ်သူရေ.........

မရွာချင်တဲ့မိုးကိုလွန်ဆွဲရတာ
္နနှလုံးသား.........နာ.......... တယ်

Melody for peace

ငြိမ်းချမ်းရေးသံစဉ်
~~~~~~~~~~~

မြောက်ကိုရီးယားထံ
ပါဆယ်တစ်ထုပ် ပို့လိုက်တယ်

တာလီဘန်တွေထံ
စာတစ်စောင်ပို့လိုက်တယ်

အမေရိကန်သမ္မတထံ
Message တစ်ခုပို့လိုက်တယ်

မြန်မာ့လွှတ်တော်ထံ
သဝန်လွှာတစ်ပိုဒ်ပို့လိုက်တယ်

အားလုံးထဲမှာ
ငါ့ ကဗျာတစ်ပုဒ်ပဲပါတယ်

ဝှက်​ဖဲများ

ဝှက် ဖဲ များ
~~~~~~~~

လက်ပံတစ်ပွင့်က
အလွမ်းတွေကို ဝှက်ထားတယ်

မိုးတစ်စက်က
ပင်လယ်ကြီးကိုဝှက်ထားတယ်

လက်သီးတစ်ခုက
အကြောက်တရားကိုဝှက်ထားတယ်

အောင်မြင်ခြင်းက
ဝန်တိုမှုကိုဝှက်ထားတယ်

ရွေးကောက်ပွဲက
အမှန်တရားကိုဝှက်ထားတယ်

ပညာရေးစနစ်က
Wisdom ကိုဝှက်ထားတယ်

ဒီကဗျာက
ဆရာဇော်ဂျီကိုဝှက်ထားတယ်

Myanmar

Myanmar
~~~~~~~

The land is precious.
The water is sweetest.

The public is stupid.
The government is rakish.

The trees are finest.
The stones are priceless.

The law is venal.
The general staff is cruel.

View in the lens

မှန်ပြောင်းထဲကရှုခင်း
~~~~~~~~~~~~~

္နနှမလက်လျှော့            နေလေတော့  ဟု
ရင်ကော့ခေါင်းခါ          နှုတ်ဆက်ပါ၏
ကြင်နာမြတ်နိုး            ထပ်မတိုးဘူး
တိုးတိုးတိတ်တိတ်      ချစ်သွားမယ်

ယုံကြည်ချက်အတွက်      မိဘတွက်  ဟု
နှစ်သက်စိတ်မွေး            အချစ်ရေးကို
ဝေးဝေးခွာရှောင်             ငါ့လိုကောင်မှာ
ဘာများအပြစ်ရှိသလဲ

အိမ်ထောင်ပြုပါ            ငါ့စေတနာဟု
အကြံဉာဏ်လာပေး     သင့်ကိုမေးမယ်
အကြွေးကျေအောင်ဆပ်ပြီးပြီလား

ဩဝါဒ

သြဝါဒ
~~~~~

ဟေ့ကောင်တွေ
သေချာနားထောင်

ငါ
အခု စိတ်တိုနေတယ်

မင်းတို့ ဘယ်လိုဖြစ်နေတာလဲ
သုံးပွဲစလုံး
ရလဒ် မကောင်းဘူး

မန်ယူ ဆိုတဲ့ အသိ
မရှိကြတော့ဘူးလား
ဒါမှမဟုတ်
မန်ယူသွေးကြီးနေတာလား

ဟိုကောင်တွေ
ရွန်းနီ နဲ့ ဗန်ပါစီ
မာတာ နဲ့ ဒီမာရီယာ
မင်းတို့ ကောင်တွေကွာ
တောက်.....!!!!
ငါ ဆဲမိတော့မယ်

အရှုံးကို လက်ခံပါ
ဒါပေမယ့်
အနိုင်ပြန်ရအောင်လုပ်ရမယ်ကွ
ကြားလား ဟေ့ကောင်တွေ

ဇွဲ မလျှော့နဲ့
စိတ်ဓာတ်မကျနဲ့
နောက်မဆုတ်နဲ့
မင်းတို့နောက်မှာ  ရှေ့မှာ
ငါတို့ အမြဲရှိတယ်

အရေးကြီးတာက
ဘဝင်မမြင့်နဲ့ကွ
တဖက်အသင်းက
အရုပ်တွေမဟုတ်ကြဘူး
မင်းတို့
ရူးသွားမယ်
ပြာသွားမယ်
ကွာ.......
ပြောရင်းငါ ဒေါခွီးလာပြီ

အချင်းချင်း
ပြန်ပြီး  နားလည်ကြ
ပြန်ပြီး   ညီညွတ်ကြ
တွေဝေမနေကြနဲ့
မင်းတို့မှာ
အရည်အချင်းတွေရှိပြီးသား
ပရိတ်သတ်ရှိပြီးသား
ရဲရဲဆက်လျှောက်
ရှင်းလား ဟေ့ကောင်တွေ

ရှည်ရှည်ဝေးဝေးမပြောတော့ဘူး
နိုင်ရမယ်
နိုင်ချင်တယ်
နိုင်အောင်ကန်
ဒါပဲ
ကဲ
အားလုံး
နားကြတော့

ဟေ့  ဗန်ဟားလ်
ငါ့အတွက်
ကော်ဖီတစ်ခွက်မြန်မြန်ဖျော်ခဲ့စမ်း
ဟူး.......
မောတယ

Order poem

မိန့်ခွန်းကဗျာ
--------
မိဘပြည်သူများခင်ဗျာ
ကျွန်တော်တို့အစိုးရဟာ
ပညာရေးတိုးတတ်ရန်
အစွမ်းကုန်ကြိုးစားနေပါတယ်ခင်ဗျာ

....ဒီလိုယုတ္တိမရှိတဲ့ အဖြစ်ကို......
....ယုတ္တိရှိဖို့မွမ်းမံနေရင်း......

မိဘပြည်သူများခင်ဗျာ
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့
ပြည်တွင်းငြိမ်းချမ်းရေးအတွက်
စွမ်းစွမ်းတမံဆောင်ရွက်နေပါတယ်ခင်ဗျာ

.....မယုံနိုင်ဘူး ....
....နင်  စွန့်ခွာသွားတဲ့နေ့တွေ....

မိဘပြည်သူများခင်ဗျာ
တောင်သူလယ်သမားများဘဝ
လူနေမှုအဆင့်အတန်းတိုးတတ်ဖို့
အလေးပေးအကောင်အထည်ဖော်နေပါတယ်ခင်ဗျာ

.....မင်းပြောတဲ့စကားတွေ.....
.....မင်းပြောတဲ့တရားတွေ....
......ယုံစားမိလို့မှားပြီဟေ့....

မိဘပြည်သူများခင်ဗျာ
တရားဥပဒေစိုးမိုးရေးနှင့်
အကျင့်ပျက်ချစားမှုများပပျောက်ရေးအတွက်
အားသွန်ခွန်စိုက်ထမ်းရွက်နေပါတယ်ခင်ဗျာ

.....မေ  ဘယ်သူ့ကိုမှ ......
....အပြစ်လည်းမတင်ချင်ပါပေ.....
....ချစ်ပရိယာယ်ကို သိသလိုလိုနဲ့.....

Sunsets

- Sunsets
နေဝင်ချိန်များ

So many sunsets
The countless sunrises
Sometimes I wish
I could just close my eyes

နေဝင်ချိန်များစွာ
နေထွက်ခြင်းအနန္တာ
တခါတရံမှာ
ငါ့မျက်လုံးတွေကိုပိတ်ထားချင်လိုက်တာ........

But to sleep is to dream
And to dream is to lie
Creating the fanatical world
Of a weary mind

ဒါပေမယ့်
အိပ်မက်မက်ဖို့အိပ်စက်တာ
လိမ်ညာဖို့အိပ်မက်တာ
စိတ်ကူးယဉ်ကမ္ဘာဖန်ဆင်းရာ
ငါ့ရဲ့နွမ်းနယ်စိတ်ထဲမှာ........

Insomnia is unrestful
Watching time play
But so is society
And its day to day

အဆက်မပြတ်အိပ်မပျော်ခြင်းမှာ
အချိန်ရွေ့တာစောင့်နေမှာ
နေ့တွေဖြတ်သန်းညင်သာစွာ
လူ့အသိုင်းအဝိုင်းမသိပါ........

A good night's rest
Isn’t much to ask
But steadily becomes
Another trifling task

မေးခွန်းများစွာမေးခဲ့ပါ
ကောင်းသောညမှာအနားယူကာ
ဘာပဲဖြစ်ဖြစ်တစ်နေ့မှာ
ညည်းငွေ့စရာတို့ဝန်တာ.......

I fluff my pillow
Sink into the mattress
And slowly release
My daily stresses

ခေါင်းအုံးလေးကိုနုညံ့စေရာ
မွေ့ယာထဲမှာနစ်မြုပ်ပါ
နေ့စဉ်ဖိအားတွေလျော့နည်းတာ
တဖြည်းဖြည်းနဲ့စိတ်သက်သာ.......

I drift into an ocean
Of mesmeric sound
Only to be awaken
By a thunder cloud

ညှို့ယူဖမ်းစားတဲ့အသံဖွာ
ပင်လယ်ထဲသို့ငါမျောပါ
ခြိမ်းတော့မယ့်မိုးတိမ်ပြာ
ငါ့ကိုနိုးထစေမှာ........

Thoughts swarm above
And coax me to life
Just before the moment
I would have closed my eyes

ငါ့အတွေးတွေကတွယ်ဖက်တာ
ငါ့ဘဝကိုမြှောက်ပင့်လာ
မျက်လုံးများကိုမမှိတ်ခင်မှာ
ဒီတဒင်္ဂတိတ်ဆိတ်စွာ......

The darkness again
Has been whisked away
Beaten to death
By a lovely day

အမှောင်ထုနောက်တစ်ကြိမ်ရောက်လာ
ညကိုမွှေနှောက်လှုပ်ခါ
သေခြင်းကိုအနိုင်ယူကာ
မြတ်နိုးစရာနေ့တစ်နေ့ပါ......

I’ll try again tonight
To get some sleep
But will be disappointed
With another defeat

ငါပြန်ကြိုးစားမယ်ဒီညမှာ
အိပ်စက်ခြင်းကိုရဖို့ကွာ
ဒါပေမယ့် စိတ်ပျက်စရာ
နောက်ထပ်ရှုံးနိမ့်ခြင်းလာ.......

Floating

လွင့်မျော
-----------
သွားကြရအောင်နော်
ရေညှိလည်းမရှိ
ဗေဒါလည်းမရှိတဲ့
ကမ်းခြေလေးတစ်ခုကိုပေါ့........
အဲဒီကျရင်
နင့်အတွက်ရဲတိုက်လေးတစ်ခု
ငါ့အတွက်မျှော်စင်လေးတစ်ခု
သဲနုနုလေးတွေနဲ့ငါဆောက်ပေးမယ်လေ.......
ဒါပေမယ့်
ဒီရေမတတ်ခင်
ငါတို့......  ပြန်ကြစို့နော်.......

နတ်​တို့ဖန်​ဆင်းတဲ့ ည

နတ်တို့ဖန်ဆင်းတဲ့ည
-------------------------
ငါ လာရာလမ်းမှာ
လမ်းဘေးကဓာတ်တိုင်တွေဦးညွတ်အလေးပြုကြ

ငါ လာရာလမ်းမှာ
စက္ကူပန်းတွေထံက အေးမြမြရနံ့မွှေးရှ

ငါ လာရာလမ်းမှာ
ပုန်းအောင်းနေတဲ့ငှက်ကလေးတွေသံပြိုင်တေးဆိုကြ

ငါ လာရာလမ်းမှာ
နေရောင်ခြည်တွေ ခေတ္တငိုကြွေးကြ

ငါ လာရာလမ်းမှာ
ဧဒင်ဥယျာဉ်ထဲကပန်းသီးတွေကြွေကျ

ငါ လာရာလမ်းမှာ
ချစ်သူရဲ့အပြုံးတစ်စ ဝေ့ဝဲမျောပါ ပျောက်ရှ

ငါ လာရာလမ်းမှာ
ငါ့အတ္တတွေ ထူထပ်သိပ်သည်းလွန်းစွ

ကျေးရွာ ဇာတ်​ပွဲ

ကျေးရွာဇာတ်ပွဲ
-------------------
ညအမှောင်ကိုလရောင်ပါးပါးဖြူးထားတယ်
ပွဲဈေးတန်းကမီးခိုးအူရှုခင်းကလွမ်းချင်စရာ
မုန့်ပေါင်းစားဖို့အကြော်ဆိုင်မှာမီးလှုံကြ
ပွဲမစခင်တွံတေးသိန်းတန်သီချင်းဆိုနေပြီ
ငါးလတိတိစုထားတဲ့ငွေကလေးဖြုန်းဖို့အဆင်သင့်
အဖွားပေးတဲ့မုန့်ဖိုးငါးဆယ်မျက်နှာငယ်
ဖုန်တထောင်းထောင်းလမ်းမှာဇာတ်မင်းသားပြုံးရွှင်
နေရာလုရင်းရန်ဖြစ်နေတဲ့အပျိုကြီးထမီပြင်ဝတ်
ပွဲခင်းထဲမှာမိုးပျံပူပေါင်းတွေတလွင့်လွင့်
ကာလသားတွေဇာတ်ခုံထောင့်မှာဒူးနန့်ကြ
ပန်းပန်ထားတဲ့ရွာသူလေးတွေရှက်ဟန်ဆောင်
ကလေးတွေက လှည်းတွေပေါ်မှာဆော့ကြအော်ကြ
မြန်မာ့ဆိုင်းဝိုင်းကဇာတ်ထွက်တေးသွားတီးနေပြီ
လူရွှင်တော်တွေကအိပ်ကြတုန်း
ပွဲခင်အပြင်မထွက်ကြနဲ့ဟေ့
အီးပုံတတ်နင်းမိမှာစိုးလို့ကွ

တော​ဈေး

တောဈေး
-----------
လင်းရောင်ပျို့တာနဲ့လူသံတွေဆူညံရင်း
နှင်းထူထပ်မနက်ခင်းကချမ်းအေးမှုဖြန့်ထား
ဈေးသွားဈေးလာတွေမှာတာဝန်ကိုယ်စီနဲ့
ကျေးလက်တစ်ခုရဲ့ပြဇာတ်တစ်ခန်းစပြီ

အမေရောင်းတဲ့ကြက်သွန်တွေ
မြန်မြန်ကုန်ပါစေ

ဆီဈေးတွေတတ်လိုက်တာအေ
အမရေ ဒီနေ့ ငါးတွေ ကောင်းတယ်နော်
ညည်းအမေရောနေကောင်းရဲ့လား
ခရမ်းချဉ်သီးလေး ဝယ်သွားပါဦး
ဦးထွန်းတို့ အလှူက နီးပြီနော်
ဝက်သားတော့မဝယ်နိုင်ပါဘူးတော်
ငါ့သမီးကျောင်းစရိတ်က မလွယ်ဘူးဟေ့
အဲဒီဈေးကောက်ကို ကြည့်လို့မရဘူးကွာ

အမေရောင်းတဲ့ထန်းလျက်တွေ
မြန်မြန်ကုန်ပါစေ

ဆွမ်းခံပြန်ချိန်ကျော်တာနဲ့ဈေးကွဲပြီ
အမှိုက်တွေ ပွဲတော်ကျင်းပနေခဲ့ပြီ
မိုးမလုံတဲ့ဈေးတဲလေးတွေငြိမ်သက်နေ
ခွေးလေခွေးလွင့်တွေအစာရှာကြ
နေရောင်ခြည်က အပူစွမ်းပြတော့မည်

အမေကရောင်းလို့မကုန်တဲ့ကြက်သွန်တောင်းရွက်
ကျွန်တော်ကကျန်နေသေးတဲ့ထန်းလျက်အိတ်ထမ်း
လာ လမ်း အတိုင်း  ပြန်   ခဲ့    ကြ        တ  ယ်

                                            သစ်ခေါက်ဈေး သို့

ဒဏ်​ရာမိုး

ဒဏ်ရာမိုး
------------
တစ်တိတစ်တိနဲ့ငါးပိကျီးချီသလို
မြန်မာပြည်လည်း  ယိုပြီ
တစ်တောစောင့်သည် ခြေတိုင်ကုပ်ကား
တစ်အိုင်စောင့်သည် ငါးရဲ့တင်ပြောက်မဖြစ်သမျှ
တိုးတတ်ဖို့  မတွေးကြပါနဲ့ 

ဆင်သေကိုဆိတ်သရေနဲ့ဖုံးခဲ့တာများပြီ
ဒီယုန်မြင်လို့ဒီချုံထွင်တဲ့တရုတ်နဲ့
ငရဲကလာသူပြာပူမကြောက်တဲ့အစိုးရပူးမိကြတဲ့အခါ
ပြည်သူတွေခမျာ
ဖောင်စီးရင်းရေငတ်တော့တာပါပဲ

ဘယ်သူသေသေငတေမာကြသူတွေ
ကျူပင်ခုတ်ကျူငုတ်မချန်တဲ့သူတွေ
ကြွက်မနိုင်ကျီမီးရှို့သူတွေ
ရနိုင်လျှင်ဘနဖူးသိုက်တူးသူတွေ
ကျန်းမာ   ချမ်းသာ ပါစေတော်

Wedding

မင်္ဂလာဆောင်က ပြဇာတ်
......................................
နောက်ခံတေးသွားက တူနှစ်ဖြာရွှေဂဟေဆက်လို့
သတို့သမီးမျက်နှာမှာ အားမနာတဲ့ အပြုံးတွေပွင့်
ရွှေတဝင့်ဝင့်အဖွားကသူ့တုန်းကအခမ်းအနားကိုကြွားဝါ
ကင်မရာမင်းကို ငေါက်နေတာယောက္ခထီးလား
စားပွဲခုံပေါ်ကစားစရာတွေထဲမှာ ထီလက်မှတ်ပါတယ်
တောက်တောက်ပြောင်ပြောင်ဝတ်ပြရတာယဉ်ကျေးမှုမဟုတ်ဘူး
လက်ဖွဲ့တွေကိုလှမ်းလှမ်းကြည့်တာဘယ်သူလဲ
နှစ်ဖက်ဆွေမျိုးတွေကအပြုံးအတုတွေကိုယ်စီ
မလာသေးတဲ့ဧည့်သည်တွေကိုမျှော်ရတာအမော
စကားစမြည်ပြောရတာစိတ်မပါ့တပါ
ဒံပေါက်ထမင်းမှာ ဇီးကွက်လက်ရမ်းပါသလား
သတို့သားခမြာ ချွေးပြန်ရင်မော
ချစ်သောစေတသိတ် ဘယ်အိပ်နေပါလိမ့်
အောင်ပါစေသီချင်းနဲ့ပြီးပါတော့လားကွာ
မင်္ဂလာအကြွေးဆိုတာ ရင်နာတေးများလားကွဲ့
ဒါရိုက်တာမပါတဲ့ ဗွီဒီယိုတစ်ခွေထွက်တော့မည်
အမေ
ငိုနေပြီလား  ဟင် ။