😁😁😁😁😁(2)😁😁😁😁😁
You are VIP
~~~~~~~~~
ခရီးသည်တွေစိတ်တိုင်းကျ
ဂရုတစိုက် လိုက်ပို့ရတဲ့ခဏ
ဆိုက်ကားသမားဘဝ နိမ့်ကျလိုက်တာ မတွေးပါနဲ့
သင့်တာဝန်ကျေပွန်နေသမျှ
သင်ဟာ အရေးပါတဲ့လူတစ်ယောက်ပါ
နေပူ မိုးရွာ နှင်းရွှဲ
လယ်တောထဲမှာအချိန်ကုန်
ပင်ပန်းနွယ်နယ်ရုံမျှမက
လူဖြစ်ရတာမတန်လိုက်တာမထင်ပါနဲ့
သင့်တာဝန်သင်ကျေပွန်နေသမျှ
သင်ဟာ အရေးပါတဲ့လူတစ်ယောက်ပါ
မလောက်ငတဲ့လစာနဲ့
မူလတန်းပြဆရာမရဲ့ဘဝ
အားငယ်ရလိုက်တာမတွေးပါနဲ့
သင့်စေတနာ ဖြူစင်ဝင်းပ
သင့်တာဝန် သင်ကျေပွန်နေသမျှ
သင်ဟာ အရေးပါတဲ့လူတစ်ယောက်ပါ
Company တစ်ခုမှာ
အိမ်သာသန့်ရှင်း ဧည့်ခန်းသန့်ရှင်း
လူတိုင်းရဲ့အထင်သေးခြင်းခံရတဲ့သင်ဟာ
မရွံမရှာ မေတ္တာပါပါ
သင့်တာဝန် သင်ကျေပွန်နေသမျှ
သင်ဟာ အရေးပါတဲ့လူတစ်ယောက်ပါ
သင်ဟာ
ဘာအလုပ်ပဲ လုပ်လုပ်
ဘယ်လောက်ဝင်ငွေပဲ ရရ
သင့်အလုပ် အကုသိုလ်ကင်းနေသမျှ
သင့်စိတ်စေတနာ ဖြူစင်နေသမျှ
သင်ဟာ အရေးပါတဲ့လူတစ်ယောက်ပါ
(ထပ်ပြောပါရစေ)
သင်ဟာ အရေးကြီးတဲ့လူတစ်ယောက်ပါ
Saturday, June 6, 2020
(2) You are VIP.
Labels:
soe min eain
Location:
, Singaing, Myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment