Sunday, June 7, 2020

(18) ခြေလှမ်းများ

😁😁😁😁😁(18)😁😁😁😁😁

ခြေလှမ်းများ
~~~~~~~~

လှေခါးထစ်တွေက
နိမ့်သွားလိုက် မြင့်လာလိုက်

ဘယ်အရာကိုမှ မထိခိုက်အောင်
နင်းလျှောက်ရတာ ပိုခက်ပါလား

ငါ့ခြေဖဝါးပေါ်မှာ
အတ္တအစင်းကြောင်းတွေ မရှိချင်ဘူး

ဖြူဖြူစင်စင် သွားမယ်
ကြည်ကြည်လင်လင် လျှောက်မယ်
ဖွဖွလေး နင်းမယ်

ခရီးအများကြီး မရောက်လည်းနေပါစေ
ထိပ်ဆုံးထိ မရောက်လည်းရှိပါစေ

ငါ့ခြေရာတွေမှာ
သူတစ်ပါးရဲ့သောကတွေမပါစေချင်ဘူး


No comments:

Post a Comment