Sunday, June 7, 2020

(10) ငိုခြင်း အလင်္ကါ


😁😁😁😁😁(10)😁😁😁😁

ငိုခြင်း အလင်္ကာ
~~~~~~~~~~

နေမင်းကြီးက ငိုဖူးသလား
လမင်းကြီးက ရယ်မောသလား
ကျွန်တော့်သားက မေးပါတယ်

နှလုံးသားရှိရင်
ကျောက်စရစ်ခဲလေးတွေလည်း
ငိုတတ်တာပဲ သားရေ

ငိုပါ ရယ်ပါ
ငိုစရာရှိရင် ငိုချလိုက်ပါ
ရယ်စရာရှိရင် ရယ်မောလိုက်ပါ
ငိုတယ်ဆိုတာ နှလုံးသားရှိလို့
ရယ်တယ်ဆိုတာ နှလုံးသားရှိလို့

ဒါပေမယ့်
သားရေ.....
မငိုတတ်တဲ့လူတွေရှိတယ်
မရယ်တတ်တဲ့လူတွေရှိတယ်

သူတို့ကို
(ချွင်းချက်အနေနဲ့.....)
သနားလိုက်ပါ......နော်.... ..

စိုးမင်းအိမ် (စဉ့်ကိုင်)


No comments:

Post a Comment