😁😁😁😁😁(16)😁😁😁😁😁
၇၃ နှစ် နှင့် အတူ
~~~~~~~~~~~
၂ နှစ်သမီးအရွယ်မှာ
အဖေဖြစ်သူက
ကျည် ၁၃ တောင့်နဲ့ နှုတ်ဆက်ခဲ့တဲ့ သမီး....။
အမေဖြစ်သူက
လူပီသအောင်မွေးမြူ
လမ်းဖြူဖြူပေါ်လျှောက်စေခဲ့တဲ့ သမီး....။
မိသားစုအတွက်
အိမ်ရှင်မကောင်းမဖြစ်ခဲ့ပေမယ့်
ပြည်ထောင်စုအတွက်
အဖေ့ခြေရာနင်းဖို့ကြိုးစားတဲ့ အမျိုးသမီး....။
ငြိမ်းချမ်းရေးအတွက်
အသက်ကိုစတေး
လူတိုင်းအပေါ်မေတ္တာပေးနိုင်တဲ့ အမျိုးသမီး....။
"တင်းမာတာနဲ့ ခိုင်မာတာမတူဘူး” တဲ့
သူမပြောခဲ့ဖူးတဲ့စကား
ပြည့်သူ့ရှေ့မှာမားမားမတ်မတ်ရပ်တည်
သံမဏိအမျိုးသမီး (သို့) IRON LADY.
စစ်ပွဲအတွက်
ဘယ်တော့မှ ကျိန်စာမဆိုဘူး
ငြိမ်းချမ်းရေးအတွက်
အမြဲတမ်းသစ္စာဆိုတယ်
မိစ္ဆာနှင်ဖို့ သံပုံးမတီးဘူး
မိစ္ဆာနှင်ဖို့ ပရိတ်ရွတ်တဲ့ မြန်မာ့အမျိုးသမီး....။
ဘာသာတရားအပေါ်မှန်ကန်စွာမြင်တတ်သူ
လူကိုလူလိုဆက်ဆံတတ်သူ
အတ္တကင်းသူ
အများအတွက်အသက်ရှင်ရတာ
သိပ်ကျေနပ်စရာကောင်းတယ်လို့ ခံယူထားသူ
မြန်မာပြည်၏ စံနမူနာဖြစ်နေသူ....
တစ်နိုင်ငံလုံး တန်းတူအခွင့်အရေးရဖို့
စစ်အာဏာရှင်ကို အန်တု
သီလနဲ့ထုဆစ်ခဲ့တယ်
ပညာနဲ့အနိုင်ယူခဲ့တယ်
စာရိတ္တသတ္တိ အပြည့်ရှိတဲ့အမျိုးသမီး....။
ဒီနေ့ဆိုရင်
ဒီအမျိုးသမီးရဲ့အသက်ဟာ ၇၃ နှစ်ပြည့်ပြီ။
အားလုံးက
သူမကို
"အမေ”လို့ ခေါ်ကြတယ်။
ဒီနေ့ဟာ
အမေလို့ရေရွတ်သံတွေ
မိုးယံထက်မှာ
သိမ်မွေ့စွာ
ညွတ်နူးစွာ
အားတတ်စွာ
ခန့်ထည်စွာ လွင့်ပျံနေပါလား.....။
အို...
အေမ......။
ဒေါ်အောင်ဆန်းဆုကြည် (အမေစု) ၏ ၇၃ နှစ်ပြည့်မွေးနေ့အမှတ်တရ....။
Sunday, June 7, 2020
(16) အမေစု
Labels:
ကဗျာများ,
စိုးမင်းအိမ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment