😁😁😁😁(8)😁😁😁😁
လက်ကျန်မိုး
~~~~~~~~
ငါဟာ
သမုဒ္ဒရာထဲမှာ နင်နေတဲ့ ရေခိုးရေငွေ့တွေလား
ကောင်းကင်ကြီးက
ငါ့ကို အမေ့ကြီးမေ့
နေမင်းကြီးက
ငါ့ကို လူတွေနဲ့တွေ့မပေးရဲတာလား
ကံဆိုးမ သွားတဲ့နေရာ
ငါ မရွာချင်ဘူး
လမင်းကြီးငြူစူတာမခံရဖို့
ငါ
လေထဲမှာ ခပ်ယို့ယို့ နေခဲ့မိတယ်
တကယ်တော့
အချိန်ကာလဟာ တရားခံပဲ
သို့မဟုတ်
စီရင်ချက်ချသူပဲ
လေထဲမှာ တိမ်အဖြစ်နဲ့ပုန်းနေတဲ့ငါ
အဲဒီညမှာ
နှင်းစက်လေးတွေနဲ့စကားစမြည်
ကျုပ်တို့ ဆောင်းပီသချင်လှပြီ တဲ့
ကမ္ဘာစောင့်ဘိုးဘိုးကြီးက
ငါ့ကို မျက်မာန်ရှ
"မင်း....မြေပေါ်ဆင်းတော့ဟ...”တဲ့
ဆောင်းပန်းလေးတွေရဲ့ တောင်းပန်သံ
ဒီဇင်ဘာရဲ့ ညည်းညူသံ
ပိုလာဝက်ဝံတွေရဲ့ အော်ဟစ်သံ
ငါ့ကြောင့် ဆူညံနေကြပါလား
ငါ
စာနာ ခွင့်လွှတ် နားလည်
မျက်ရည်အဖြစ်သွန်းဖြိုးလိုက်တော့တယ်
Sunday, June 7, 2020
(8) လက်ကျန်မိုး
Labels:
ကဗျာများ,
စိုးမင်းအိမ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment