Saturday, June 6, 2020

(6) ပျက်လုံး


😁😁😁😁😁(6)😁😁😁😁

ပျက်လုံး
~~~~~

ငါ့လက်ထဲက ဓား
ငါ့ကို ချိန်ထားတယ်......။

ဟိုနေ့ကတွေ့လိုက်ရတဲ့
နာရီထူထူနဲ့လူကြီး
ငါ့အမြီးကို ဝင်ကိုက်တယ်......။

"လူ = ? ”
သူ့ကို ထပ်တလဲလဲမေးကြည့်တော့
မိုးရွာတော့မယ် ပြန်ပြီ တဲ့.........။

အဲဒီနေ့က
ငါ့ရယ်သံဟာ
စက်ရုပ်အော်သံပေါက်နေတော့တယ်.....။


No comments:

Post a Comment