😁😁😁😁😁(31)😁😁😁😁😁
ခေါင်းစဉ်ပျောက်နေတဲ့ ကဗျာ
~~~~~~~~~~~~~~~~~
သုညတစ်လုံးကပြောတယ်
ငါတို့ ဒီည ကြယ်တွေကြည့်ရအောင်...တဲ့
အခြားကိန်းဂဏန်းတွေက
သုညကို ဘုကြည့်ကြည့်ကြတယ်
အရည်မရ အဖတ်မရကွာ
ငါက အလုပ်ရှိသေးတယ်ဟေ့
အဲကောင် ရူးကြောင်ကြောင်ဖြစ်နေပြီ
............................................
ငြင်းဆန်ဝေဖန်သံတွေ အူသွားတယ်
ဘာပဲဖြစ်ဖြစ်
သုညလေးက အပြုံးမပျက်ပါဘူး
အဲဒီညက သူဘယ်လောက်တောင်ချမ်းမြေ့သွားသလဲ
သူကိုယ်တိုင်.....
ကြယ်လေးတစ်ပွင့်ဖြစ်သွားတဲ့အထိ.......
No comments:
Post a Comment