😁😁😁😁😁(30)😁😁😁😁😁
ကောင်းရာသုဂတိက ဆရာကြီးကို ကြိုနေတယ်
~~~~~~~~~~~~~~~~~~~~~~~~~
အပိုတွေပြောရင်
အငိုတွေရောမိတော့မယ်....
ငါတို့ချစ်တဲ့ ဆရာကြီး
ငါတို့နဲ့ ရင်ခုန်သံတူတဲ့ ဆရာကြီး
၆၆ နှစ်မှာ လူ့ဘဝပြီးပြီ...
အဆုတ်နာရောဂါက
သူ့အသက်ကို နှုတ်ယူ
သူ့တပည့်တွေကို သောကဆူ
လျှာထိုးဦးထုပ်လေးတွေ
နံရံမှာ တစ်လုံးနှစ်လုံး
သူ တစ်သက်လုံး ခေါင်းပေါ်တင်ခဲ့တယ်
သူဆွဲတဲ့ ပန်းချီကားတွေ
ငွေလို တန်ဖိုးမရှိပေမယ့်
သံယောဇဉ်အတိမ်အနက်ကို ပြဆို
သူတို့လည်း ငိုကြပြီ
သူ့ဘဝမှာ
စိတ်ချမ်းသာခြင်းဟာ ပထမ
လွတ်လပ်ခြင်းဟာ ပထမ
ကျန်တာ ဘာမှမရခဲ့ရှာဘူး
ညမွှေးပန်းကို ချစ်တယ်
ရွက်လှပန်းတွေကို ချစ်တယ်
Kiss me quick ကို ချစ်တယ်
ပန်းတွေက ပြန်မချစ်နိုင်တဲ့ ပန်းချစ်သူ
ဆရာဆန်းရေ
ဦထုပ်ကြီး ဆုံးပြီဗျ
ဆရာမိုးရေ
ဦးထုပ်ကြီး ဆုံးပြီဗျ
ဆရာဘုန်းရေ
ဦးထုပ်ကြီး ဆုံးပြီဗျ
ကျွန်တော့်အော်သံ ကျွန်တော်မကြားရတော့ဘူး
လူသားဆန်ခဲ့တဲ့လူအတွက်
ကောင်းရာဂတိဟာ
နွေးထွေးစွာ ကြိုနေမှာပါ....
Sunday, June 7, 2020
(30) ဦးအောင်ကျော်ဆွေ
Labels:
ကဗျာများ,
စိုးမင်းအိမ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment