😁😁😁😁(21)😁😁😁😁
သေမင်းငိုတဲ့နေ့
~~~~~~~~~~
သေမင်းက
အဖြူရောင်ဝတ်စုံကြီးနဲ့
ဒီနေရာကို ရောက်လာတဲ့သူတွေကို ငေးကြည့်နေတယ်
လိပ်ပြာသန့်သူတွေရော
လိပ်ပြာလန့်သူတွေရော
သူ့ကို မမြင်ဟန်ဆောင်ကြ
သေမင်းဟာ
အူယားဖားယား
အုတ်ဂူတွေပေါ်မှာ ပြေးလွှားခုန်ပေါက်
လူတွေကို ကြောက်ကြည့်ကြည့်တယ်
အမျှဝေသံ
ကြေးစည်သံ
သင်္ချိုင်းထဲမှာ ဆူညံ
လိုက်ပါပို့ဆောင်သူတွေထဲက
သေသူရဲ့သက်ဆိုင်သူတွေ
ငိုယိုသံကြားနေရတယ်
အမြဲတမ်းတိတ်ဆိတ်တဲ့ဒီနေရာ
တဒင်္ဂသာ Active ဖြစ်သွား
သေမင်းကို ဂရုမထားတဲ့လူတွေက
သံဝေဂ ဘယ်လောက်ယူသွားကြသလဲ
သေမင်းဟာ
ဟော့ဒီနေရာမှာ
ရင်မောစွာ
သံဝေဂရစွာ
လက်မှိုင်ချပြီး ကျန်ရစ်ခဲ့ရှာတော့တယ်.....
Sunday, June 7, 2020
(21) သေမင်းငိုတဲ့နေ့
Labels:
ကဗျာများ,
စိုးမင်းအိမ်
Location:
, Singaing, Myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment