Wednesday, June 10, 2020

(35) စင်မြင့်


😁😁😁(35)😁😁😁

စင်မြင့်
~~~~~~

အတိတ်မေ့တတ်သူတစ်ယောက်ရဲ့လောဘ
ငါ့ မာနကို ဒူဝေဝေ လုပ်တယ်

စိန်ခေါ်သံတွေနဲ့ယဉ်ပါးတဲ့ နား
စက္ကူတစ်ထပ်ကြောင့်တော့ဘယ်တော့မှမဖျားဘူး

ဇာတ်စင်အောက်က ဖိနပ်နဲ့ပေါက်ကြလည်း
အနုပညာသဲအောင် ငါ ဆက် က,မယ်

စံပယ်တွေလက်ခုပ်တီးနေသမျှ
ငါ့အလံဟာ လုံးဝ မ လဲ စေ ရ ဘူး

ငါ့ကဗျာတွေ ရွှေမှုံကျဲတဲ့ နွေရာသီရောက်မှ
ငါ့ကို အရီးလာမတော်ကြနဲ့


No comments:

Post a Comment