Wednesday, June 10, 2020

(38) နှစ်သစ်ကဗျာ

😁😁😁(38)😁😁😁

နှစ်သစ်ကဗျာ
~~~~~~~~~~

စားပွဲတင်နာရီက
ခြောက်ကပ်ကပ် ရယ်တယ်
ဥဩ....ဥဩ.....တဲ့

၂၀၁၉ မြေ ရေ လေ မီး
အိမ်ပြန်ခရီးမှာ တေးချင်းညည်းတယ်
အပ္ပမာ ဒေန သမ္မာဒေထ....တဲ့

မနေ့ညက အဝိဇ္ဇာ live show မှာ
ကြော်ငြာတစ်ခု ထပ်တိုးလာတယ်
အတူတူ ခုန်ကြမယ်.....တဲ့

နာမည်မရသေးတဲ့ ငါ့ကဗျာက
အားပါးတရ ထအော်တယ်
ဝါး...ဝါး....ဝါး...ဝါး....

၁၂နာရီတိတိ၂၀၂၀ က
အားလုံးအတွက် နှုတ်ဆက်ပြတယ်
ပျော်ရွှင်ခြင်းဟာ သင့်လက်ထဲမယ်...တဲ့

Yes,
Happiness is in my hand.


No comments:

Post a Comment