Sunday, June 7, 2020

(13) အသက်မဲ့အော်သံများ


😁😁😁😁😁(13)😁😁😁😁😁

အသက်မဲ့အော်သံများ
~~~~~~~~~~~~

မိုးစက်တွေ ပွဲတော်ကျင်းပနေ၏။
စိတ်မထင်ရင်မထင်သလို သူမက ငိုတတ်ပါလား။
ငါ့ကို အဲလို ပြုံးမပြပါနဲ့ မိဝသာန်။
တကယ်ဆို ဖန်ချိုတစ်ငုံနဲ့တင်ကျေနပ်ပါတယ်။
တောပန်းလေး မျက်နှာငယ်မယ် မထင်ဘူး။
ဆောင်းအကူးမှာ ဖူးဖူး မင်္ဂလာဆောင်၏။
အချစ်ကို အခုမှ သိသလားအေ...ရယ်။

ဘဝဆိုတာ ဘာလဲ
ဘဝဆိုတာ ဘာလဲ
ဘဝဆိုတာ ဘာလဲ
အဖြေတွေအလဲလဲအကွဲကွဲ မှားယွင်းပြ။
အိမ်ရှေ့က မန်ကျည်းပင်ကြီးက လှောင်ပြတယ်။
တို့တတွေ ရူးသွပ်နေတာ အဓိပ္ပါယ်ရှိသလား။
လောဘမရှိရင် လုပ်ငန်းမတွင်ဘူး ကွ။
အတ္တတစ်ကောင်ရဲ့ ယောင်သံကို ကြားမိတယ်။

ကောင်းကင်သည် ကဗျာ။
နွေရာသီသည် ကဗျာ။
သွားကြားထိုးတံသည် ကဗျာ။
မက်မွန်ပွင့်တို့သည် ကဗျာ။
သူမ၏နားရွက်လေးသည် ကဗျာ။
ဝေဒနာပစ္စယောသည် ကဗျာ။
ရာဟုလာသည် ကဗျာ။
နိဗ္ဗာန်သည် ကဗျာဖြစ်တော့၏။

ဒီကဗျာထဲက နွေရာသီဟာ သူမ၏နားရွက်ဖြစ်တယ်။
ဒီကဗျာထဲက ကောင်းကင်ဟာ နိဗ္ဗာန်ဖြစ်တယ်။
ဒီကဗျာထဲက သွားကြားထိုးတံဟာ ဝေဒနာပစ္စယောဖြစ်တယ်။
ဒီကဗျာထဲက မက်မုံပွင့်တို့ဟာ ရာဟုလာဖြစ်တယ်။

ဘာဖြစ်ဖြစ်ဆိုတဲ့ စိတ်နဲ့ အိပ်ပစ်ခဲ့တယ်။
ညနေခင်းဟာ ငါ့ဆီအလည်လာတဲ့အထိ။
အရက်သမားမသိလိုက်တဲ့အဲဒီညနေရဲ့အလှ အငွေ့ပျံ။
လမင်းထံ သူ့အကြောင်း သံတော်ဦးတင်စရာရှိတယ်။
ကကြိုးပျောက်တဲ့အငြိမ့်သမလို ကံတရားက ထိုင်ကြည့်နေ။
မေမေ...
မိုးတွေသည်းတာ ခုထိ မစဲသေးပါလားဗျာ။


No comments:

Post a Comment