😁😁😁😁😁(5)😁😁😁😁😁
ထပ်ခါထပ်ခါ မျှော်မောနေတဲ့ အသံစူးစူး
~~~~~~~~~~~~~~~~~~~~~~~
ကုန်တင်ကားကြီး
တောင်ပေါ်ခရီး
ဖုန်တွေချည်းပဲပါလား
ကားဆရာ
ခပ်ငယ်ငယ်
အသက်နှစ်ဆယ်ကျော်
ကွမ်းတပျစ်ပျစ်
လက်တွေပေညစ်ညစ်
စားဝတ်နေရေး
သူ မတွေးပဲနေမလား
အမေအို
အဖေအို
ညတွေဆို သူ့အတွက်မေတ္တာပို့
"....တို့သားလေး အန္တရာယ်ကင်းပါစေ...”
တောအထပ်ထပ်
တောင်အဆင့်ဆင့်
အစိမ်းရောင်ဝင့်နေတဲ့လမ်း
လွမ်းစရာမရှိ
ဆွေးစရာနတ္ထိ
ဆိုမိတဲ့သီချင်းစာသား
"....မေမေချစ်တဲ့...သားကြီး....”
စာမဖတ်တတ်ဘူး
စာမရေးတတ်ဘူး
ဒါပေမယ့်
မိသားစုကိုအရူးအမူးချစ်
အားလုံးအတွက် သူ အနစ်နာခံ
ဒါ လူမှန်လိုက်တာကွယ်
ကားမောင်းလို့ရတဲ့ပိုက်ဆံ
အမေ့ထံ
အဖေ့ထံ
ညီလေးထံ
ညီမလေးထံ
သူ ပျော်ရွှင်တာ တန်လိုက်တာ
သူ့ခန္ဓာဟာ
အမြဲတမ်း ပေတူးမဲညစ်
ဒါပေမယ့်
ဖြူစင်တဲ့ မေတ္တာစစ်တွေ
သူ့ မိတ်ဆွေတွေအတွက်
သူ့ မိသားစုအတွက်
ဖွေးလက်တောက်ပနေပြန်တယ်
တကယ်တော့
သူကိုယ်တိုင်ဟာ
တာဝန်တွေသယ်ဆောင်လာတဲ့
မျှော်လင့်ချက်တွေအပြည့်ပါတဲ့
ကုန်တင်ကားတစ်စီးပါပဲ
Saturday, June 6, 2020
(5) အသံစူးစူး
Labels:
ကဗျာများ,
စိုးမင်းအိမ်
Location:
, Singaing, Myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment