😁😁😁(32)😁😁😁
ဗီဇ ခေါ်သံ
~~~~~~~~
ကဗျာကာရန်
အသံစကားလုံး
အရောင်တွေဖုံးထားတဲ့ မြစ်
ချစ်ခြင်းရဲ့ မျက်ရည်ဟာ ဘာလဲ
ဇွန်ပန်းရုံလေး
မွှေးချင်တိုင်းမွှေးပါစေ
တစ်နွေ တစ်မိုး
တစ်ဆောင်းကျိုးလည်းဘာဖြစ်လဲ
ခုခူး
ခုစား
ဒါ အနုပညာလို့ ခေါ်မလား
သွေးတွေ
သွေးတွေ
နာကျင်ခြင်းသွေးတွေ
ခါးသီးခြင်းသွေးတွေ
ဘဝနံရံပေါ်မှာ ခုန်နေကြတယ်
ရပါတယ်
မငိုဘူး
ငိုရလည်း မကြောက်ဘူး
ကြောက်ရလည်း နောက်မဆုတ်ဘူး
အသက်ကို လေလံတင်ပြီးသား
ကဗျာနဲ့ အသက်ရှင်
ကဗျာနဲ့ နေဝင်ချင်သူ
သူ့ကို ကဗျာတွေဆူပါစေအုံး
ဒါမှ
အနုပညာသမား
သူက
ဘီလူးတွေကို လက်ဝါးဖြန့်ပြထားတယ်
လက်ပေါ်မှာ ပြာပူတွေ နွေးနေဆဲ
ဆရာတင်ညွန့်မြိုင်(သာစည်) သို့ ဦးညွတ်ကဗျာ
ဆရာကြီး ကျန်းမာပျော်ရွှင်ပါစေ....
Wednesday, June 10, 2020
(32) ဗီဇခေါ်သံ
Labels:
ကဗျာများ,
စိုးမင်းအိမ်
Location:
, Singaing, Myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment