😁😁😁😁😁(15)😁😁😁😁😁
ကြယ်တွေအောက်မှာ ငါ အိပ်မယ်
~~~~~~~~~~~~~~~~~~
(၁)
ခမ်းနားတဲ့ ခံစားခြင်းဆိုတာ
ရမ်းကားတဲ့ ပျော်ပါးခြင်းလား.....
(၂)
ငါ့ကိုညှို့ယူနေတဲ့ ရာဂ
ငါက လိုက်ဖမ်းနေတဲ့ တပေါစ
လမ်းပေါ်မှာ အပြိုင်ခဲကြ
ငါ....
လှလှပပရှူံးခဲ့ရတယ်
(၃)
ဒုက္ခထူလပျစ်နဲ့ဘဝ
အမှောင်ထဲဆွဲခေါ်မယ့်မိတ်ဆွေတွေကများစွ
ငါကရော......
တမူးသာမဟုတ်ရပါလား
(၄)
အသိတရားရှိတယ်
သတိထားမိတယ်
ဒါပေမယ့်
အဲဒီလမ်းလေးကလှပတယ်ထင်မိ
ညတွေဟာ ငါနဲ့ အငြိငြိ
(၅)
တဝုန်းဝုန်း ရွာနေတဲ့မိုးဟာ
ငါ့ရဲ့ ဂီတသံလိုပါလား
မရပ်တန့်ချင်ဘူး
မရပ်တန့်နိုင်ဘူး
ဝါသနာဘမ်းပြပြီး
ငါ......အမိုက်ကြီးနေတာလေ....
(၆)
အရက်မူး
တဏှာမူး
ငွေစက္ကူမူး
အချိန်မူး
ငါ့ဘဝလည်း မူးနေပြီလား.....
(၇)
ဖြုန်းခဲ့တဲ့နာရီတွေ
သုံးခဲ့တဲ့ချွေးနည်းစာတွေ
ပြုန်းခဲ့တဲ့သိက္ခာတရားတွေဟာ
ရုန်းခဲ့တဲ့ငါ့ဘဝနဲ့တန်လို့လား
မေမေရေ
သား.....မှား....နေ...ပါ....တယ်....
(၈)
ငယ်ငယ်က
ကြယ်တွေကြည့်ပြီးအိပ်ခဲ့တဲ့ငါ
ဖြူစင်စွာ
ရိုးသားစွာ
(၉)
ခုတော့
ငါကဗျာတစ်ပုဒ် အက်ကွဲ
ကြယ်တွေကြည့်ပြီး မအိပ်ရဲတော့ဘူးလေ....
(၁၀)
မနက်ဖြန်ည
အိမ်ရှေ့က ကွပ်ပျစ်ပေါ်မှာ
ငါ
အိပ်ချင်လိုက်တာ....ကြယ်လေးတို့ရယ်.....
Sunday, June 7, 2020
(15) ကြယ်တွေအောက်မှာ ငါအိပ်မယ်
Labels:
ကဗျာများ,
စိုးမင်းအိမ်
Location:
, Singaing, Myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment