😁😁😁😁😁(14)😁😁😁😁
နွေကြိုငှက်၏နောက်ခံသံစဉ်
~~~~~~~~~~~~~~~~~
သရက်ဖူးလေးတွေက
မြောက်ပြန်လေကိုလျှာထုတ်ပြ
ရိုးပြတ်ငုတ်တွေကကွင်းပြင်ထဲမှာဝါကျင်လှပ
အဲဒီနေ့ရဲ့အလှအားလုံး
ညနေခင်းကအကုန်ယူအုံးမှာလား
လက်ပံပင်ပေါ်မှာ
ရဲရဲနီဖို့အားယူနေတဲ့သဘာဝလေးတွေ
လေထဲမှာပျံကြမှာလား
လေထဲမှာဝဲကြမှာလား
ကာရန်မဲ့အော်မြည်သံဟာ
ဘယ်အရပ်ကရောက်လာမှာလဲ
သစ်ရွက်ခြောက်တွေပေါ်နင်းမိတဲ့
ဖိနပ်မဲ့လူတစ်ယောက်ရဲ့ဂရုဏာ
နွေရာသီကိုချစ်လို့ပါ တဲ့
တဆစ်ဆစ်နာကျင်နေတဲ့ကြားက
နှလုံးသားဟာ လောကကြီးကို အားမရ
ကဗျာမချစ်တတ်သူတွေများတဲ့ခေတ်
ကဗျာကိုချစ်မိတဲ့ကျိန်စာ
ပိတောက်ပင်လေးရေ....
ငါ နင့်ကိုစာနာပါတယ်
ဘာပဲဖြစ်ဖြစ်
ရေမရှိတဲ့စမ်းချောင်းလေးတွေ
လမ်းမရှိတဲ့တောတန်းလေးတွေ
ပန်းမရှိတဲ့သစ်ပင်လေးတွေ
တိမ်မရှိတဲ့ညနေလေးတွေ
နွေရာသီကိုကြိုဆိုပေးကြတာ
ကျေးဇူးတင်ပါတယ်.....မြေကမ္ဘာ.....
Sunday, June 7, 2020
(14) နွေကြိုငှက်၏ နောက်ခံသံစဥ်
Labels:
ကဗျာများ,
စိုးမင်းအိမ်
Location:
, Singaing, Myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment