Saturday, June 27, 2015

အချိန်​ကပြတဲ့တရား

အချိန်ကပြတဲ့တရား
~~~~~~~~~~~~~

ဆင်းဆင်းရဲရဲနဲ့
ဘဝကိုဖြတ်သန်းခဲ့ချိန်တွေမှာ
လောကကြီးကို စိတ်နာတတ်ခဲ့တယ်

အခုတော့
အဲဒီအကြောင်းတွေပြန်ပြောရတာ
အရသာရှိလိုက်တာ
ကံကြမ္မာကိုတောင် ကျေးဇူးတင်မိတယ်

ညှိုးညှိုးငယ်ငယ်နဲ့
ချစ်သူရဲ့စွန့်ပစ်ခြင်းကိုခံခဲ့ရချိန်မှာ
ငွေစက္ကူတွေကို ရွံခဲ့တယ်

အခုတော့
အဲဒီကြေကွဲဇာတ်ကိုပြန်ပြောရတာ
နှလုံးသားကမာလိုက်တာ
မြှားနတ်မောင်ကိုတောင် ကျေးဇူးတင်မိတယ်

ဒါပေမယ့်ကွယ်
နောက်ထပ် လူအနှိမ်ခံရလောက်အောင်
မဆင်းရဲချင်တော့ဘူး
နောက်ထပ် နာကြည်းနာကျင်ရလောက်အောင်
အသည်းမကွဲချင်တော့ဘူး



Thursday, June 25, 2015

လောကကြီး​ရေ

လောကကြီး​ရေ.......
~~~~~~~~~~~

လောကကြီး​ရေ........
လူ​တွေညံလိုက်​ပုံများ
တစ်​​ယောက်​ကဒါကိုကြိုက်​လိုက်​တာနဲ့
ဘုမသိဘမသိ
ဝိုင်းပြီးကြိုက်​မိကြတယ်
လေ့လာကြည့်​​တော့မှ
ခပ်​​ကြောင်​​ကြောင်​မြန်​မာဇာတ်​လမ်းဖြစ်​​နေတယ်
ပြီး​တော့ ​ပြောကြ​သေးတယ်
ကျွန်​မက ပဒိုင်းပန်းပါ ​မောင်​ တဲ့......။

လောကကြီး​ရေ........
လွှတ်​​တော်​လူကြီး​တွေတုံးလိုက်​ပုံများ
ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေကိုပြင်​ဖို့
ငါတို့​ခေါင်း​ဆောင်​​ဟောင်းကြီးထံက
အကြံဥာဏ်​​တွေ​တောင်းခံကြမလို့တဲ့​လေ
လေ့လာကြည့်​​တော့မှ
ခပ်​​ကြောင်​​ကြောင်​ဝန်​ကြီးဖြစ်​​နေတယ်
ပြီး​တော့ ​ပြော​သေးတယ်
ကျုပ်​ ​ကြောက်​တတ်​တယ်​ ​မောင်​ တဲ့......။

လောကကြီး​ရေ.. .......
ဆရာ​တွေဖိန့်​လိုက်​ပုံများ
ကျောင်းသားတစ်​​ယောက်​ရဲ့ပညာအားကို
အမှတ်​များနဲ့တိုင်းတာရမယ်​တဲ့
လေ့လာကြည့်​​တော့မှ
ကျောင်းသားကကျက်​မင်းသားဖြစ်​​နေတယ်
ပြီး​တော့ ​ပြော​သေးတယ်
ရွှေအိုးရှိမှ ပညာရမယ်​ ​မောင်​ တဲ့......။

လောကကြီး​ရေ........
မြန်​မာလယ်​သမား​တွေရိုးလိုက်​ပုံများ
အသည်းကြားကမဲတစ်​ပြားကဘာလဲဟင်​ တဲ့
သေချာရှင်းပြ​တော့မှ
ရယ်​ရယ်​​မော​မော​ပြောရှာတယ်
အိုး....ဘယ်​သူတတ်​တတ်​ ထမင်းမငတ်​ဖို့အဓိကပဲ
ပြီး​တော့ ​ပြော​သေးတယ်
အစိုးရတိုင်း အစ​တော့ရိုးတယ်​ ​မောင်​ တဲ့......။

နေခဲ့သူ

နေခဲ့သူ
~~~~~

တကယ်​​ဝေးမယ်​ဆို​တော့
စပယ်​​လေး​တွေငိုပြီခင်​........

ချစ်​လျက်​နဲ့​ဝေးဖို့ပြင်
တွေးဖို့ပင်​မရဲ ..........

မေတ္တာဓာတ်​အ​ရောင်​ပြယ်
မောင်​...ရယ်​ လို့​ခေါ်သံတိတ်​..........

လက်​ပြကာနှုတ်​မဆက်​ချင်​ဘူး
ရုတ်​တရက်​ ရင်​စူးနာကျင်​.........

အချိန်​ကြာရင်​​မေ့မှာတဲ့လား
မလိမ်​ညာချင်​​ မျက်​နှာလွှဲသွား........

ဂုဏ်​ဓနမကြွယ်​သူမို့
သုညရယ်​ကိုယ့်​အ​ဖော်​​ပေါ့........

မစွန့်​လွှတ်​ချင်​ဘဲ​ဝေးရသတဲ့
ဆွေးရမယ့်​ည​တွေမ​မျှော်​လိုပါ.......

ဪ ...ကိုယ်​ဟာ အညတြသမား
ဘဝအလှများမကြုံဖူးသူပါ.......

Tuesday, June 23, 2015

ပြင်​လို့ရပါတယ်​ ညီ​လေးရယ်

ပြင်​လို့ရပါတယ်​ ညီ​လေးရယ်
~~~~~~~~~~~~~~~

ညီ​လေး​ရေ....
မင်းက
ချစ်​ခြင်းတရားနဲ့​လောကကြီးကို ချဉ်းကပ်​တယ်
မေတ္တာတရားနဲ့လူ​တွေကို ဆက်​ဆံတယ်
သံ​ယောဇဉ်​စစ်​စစ်​နဲ့ မိသားစုကို ပျိုး​ထောင်​တယ်​...

ဒါ​ပေမယ့်
မင်းချစ်​တဲ့​လောကကြီးက
တစ်​ခါတစ်​ရံ ချစ်​စရာမ​ကောင်းဘူး
မင်း​မေတ္တာထားတဲ့လူ​တွေက
တစ်​ခါတစ်​ရံ အကြင်​နာ​တွေ ​ဝေးတယ်
မင်းသံ​ယောဇဉ်​ရှိတဲ့ မိသားစုက
တစ်​ခါတစ်​ရံ သမုဒယနဲ့ ကင်းကွာ​နေတတ်​တယ်​....

ကိုယ်​​ပေးသ​လောက်​ပြန်​မရတဲ့ဘဝမှာ
ရရှိခြင်းကို​မျှော်​လင့်​တာ ​ကောင်းသလား

ပေးဆပ်​ခြင်းသပ်​သပ်​​မေတ္တာနဲ့
လောကကိုချဉ်းကပ်​ကြည့်​ရ​အောင်​​လေ

မင်းရဲ့သား​လေးကို မင်းချစ်​တယ်
မင်းရဲ့ သမီး​လေးကို မင်းချစ်​တယ်
မင်းရဲ့ ဇနီးကိုလည်း မင်းချစ်​တာပဲ
အဲဒါကို ငြင်းဖို့မကြိုးစားပါနဲ့

မိသားစုတစ်​ခုခိုင်​မြဲဖို့ဆိုတာ
ယောက်ျားက မိန်းမကို စာနာနားလည်​ရမယ်
မိန်းမက ​ယောက်ျားကို ကြင်​နာယုယရမယ်
အဲလို စာနာနားလည်​နိုင်​ဖို့
အဲလို ကြင်​နာယုယနိုင်​ဖို့
ဘာ​တွေလိုအပ်​သလဲ ညီ​လေး​ရေ.. ....

ယောက်ျားမကြိုက်​တဲ့ အချက်​​တွေ
(မိမိနဲ့သူတစ်​ပါးကိုအကျိုးမဖြစ်​​စေတဲ့အရာများ)
မိန်းမက ​ရှောင်​ရှားနိုင်​ရမယ်
မိန်းမမကြိုက်​တဲ့ အချက်​​တွေ
(အရက်​​သောက်​ခြင်းကဲ့သို့​သော အရာများ)
ယောက်ျားက စွန့်​လွှတ်​နိုင်​ရမယ်

အစ်​ကိုတစ်​​ယောက်​အ​နေနဲ့
မင်း သတ်​မှတ်​တဲ့ အ​ဖေတစ်​​ယောက်​အ​နေနဲ့
ဆုံးမစကား ​ပြောချင်​ခဲ့လိုက်​တာ

ဒါ​ပေမယ့်
မင်းမှာ ​တွေး​ခေါ်တတ်​တဲ့ ဥာဏ်​ရှိတယ်
ဆင်​ခြင်​တတ်​တဲ့ အသိတရားရှိတယ်
နားလည်​​ပေးတတ်​တဲ့ နှလုံးသားရှိတယ်

အဲလိုလူတစ်​​ယောက်​ကို ဆုံးမစကား​ပြောဖို့
ဝန်​​လေးခဲ့တာ ဆန်းသလား
တုံ့ဆိုင်းခဲ့တာ မှားသလား
လျစ်​လျူရှုခဲ့တာ လွန်​သလား

ဒီကဗျာကလည်း
ညီ​လေးရဲ့ ရင်​ထဲကအမှန်​တရား​တွေကို ဖျက်​ဆီးဖို့
ကာရန်​​တွေ ပို့လိုက်​တာမဟုတ်​ဘူး
Rhythmတွေ တို့လိုက်​တာမဟုတ်​ဘူး
သိပြီးသားမြင့်မြတ်တာ​​တွေကို သတိထားမိဖို့
ရှိပြီးသားဖြူစင်​မှု​တွေကို တန်​ဖိုးထားဖို့
Message ပို့လိုက်​တာပါ ညီ​လေး​ရေ.. ....

မင်းက စကားအ​ပြောအဆို​ကောင်းတယ်
လူမှု့ဆက်​ဆံ​ရေး ကျွမ်းကျင်​တယ်
လုပ်​ငန်းတာဝန်​ ​ကျေပွန်​ပိုင်​နိုင်​တယ်
မင်းနဲ့ပတ်​သက်​တဲ့ အပြစ်​ဆိုလို့
တစ်​ခုတည်းရှိတာပါ
အဲဒါ အရက်​​သောက်​ခြင်းပဲ

အပြစ်​ ဆိုတဲ့စကားကို
အစ်​ကို မသုံးချင်​ပါဘူး ညီ​လေး​ရေ

ဒါ​ပေမယ့်
မင်းစဉ်းစားဖို့ ​ပြောပါရ​စေ
အ​မေက မင်းကို သိပ်​ချစ်​တယ်
ဒါ​ပေမယ့်​ အရက်​​သောက်​တာမကြိုက်​ဘူး
မမက မင်းကို သိပ်​ချစ်​တယ်
ဒါ​ပေမယ့်​ အရက်​​သောက်​တာမကြိုက်​ဘူး
အစ်​ကိုက မင်းကိုသိပ်​ချစ်​တယ်
ဒါ​ပေမယ့်​ အရက်​​သောက်​တာမကြိုက်​ဘူး
ညီမ​လေးက မင်းကိုသိပ်​ချစ်​တယ်
ဒါ​ပေမယ့်​ အရက်​​သောက်​တာမကြိုက်​ဘူး
မင်းမိန်းမက မင်းကိုသိပ်​ချစ်​မှာပဲ
ဒါ​ပေမယ့်​ အရက်​​သောက်​တာမကြိုက်​ဘူး
သား​လေးကလည်း မင်းကိုသိပ်​ချစ်​မယ်
ဒါ​ပေမယ့်​ အရက်​​သောက်​တာမကြိုက်​ဘူး
သမီး​လေးကလည်း မင်းကိုသိပ်​ချစ်​မယ်
ဒါ​ပေမယ့်​ သူသိတတ်​တဲ့အရွယ်​​ရောက်​ရင်
ဖေ​ဖေအရက်​​သောက်​တာကို ကြိုက်​မှာမဟုတ်​ဘူး

မင်းချစ်​တဲ့ မိသားစု
မင်းကိုချစ်​တဲ့ မိသားစုက
ငြင်းဆန်​တဲ့ ကာယကံတစ်​ခုကို
မင်း စွန့်​လွှတ်​ဖို့ မလိုအပ်​ဘူးလားညီ​လေး​ရေ.....

အရက်​​သောက်​နိုင်​တဲ့ ဂုဏ်​ဆိုးထက်
အရက်​ကို​ရှောင်​နိုင်​တဲ့ ဂုဏ်​​ကောင်းတစ်​ခုကို
ညီ​လေး ပိုတန်​ဖိုးမထားသင့်​ဘူးလား

စိတ်​ညစ်​လို့ အရက်​​သောက်​မယ့်​အစား
သားနဲ့သမီး​အတွက်​ အချိန်​​ပေးပြီး​နေပါ
ပျော်​လွန်းလို့ အရက်​​သောက်​မယ့်​အစား
ကိုယ့်​မိန်းမအနားမှာ စကား​ပြော​ဆွေး​နွေးပါ
မိုးရွာလို့ အရက်​​သောက်​မယ့်​အစား
သူငယ်​ချင်း​တွေနဲ့ Tea ဆိုင်​မှာ ငြင်းခုန်​ပါ
အ​ကြောင်းမဲ့အရက်​​သောက်​မယ့်​အစား
ကုန်​ကျမယ့်​​ငွေ​တွေကို လှူဒါန်းပါ

ညီ​လေး​ရေ
ဒါဟာ ကဗျာတစ်​ပုဒ်​မဟုတ်​ပါဘူး
အစ်​ကိုတစ်​​ယောက်​က ညီတစ်​​ယောက်​ကို
ချစ်​ခြင်းရဲ့သ​င်္ကေတပါ
အ​ဖေတစ်​​ယောက်​က သားတစ်​​ယောက်​ကို
မျှော်​လင့်​ခြင်းရဲ့ အလင်းတစ်​စပါ
မေတ္တာနဲ့​တွေး သစ္စာနဲ့​ရေးတဲ့
နှလုံး​သွေးရဲ့ ပုံရိပ်​တစ်​ခုပါကွယ်​.......

ချစ်​လှစွာ​သော ညီငယ်​ တိုးတိုးလင်း သို့........

Monday, June 22, 2015

I have a guiter

ဂစ်တာတစ်လက်ရှိပါသည်
-----------------------------

ကျွန်တော့်မှာဂစ်တာတစ်လက်ရှိပါသည်

ဂစ်တာထဲမှာသီချင်းတွေရှိသည်
သီချင်းတွေထဲမှာအနုပညာရှိသည်
အနုပညာထဲမှာကိုယ်ချင်းစာတရားရှိသည်
ကိုယ်ချင်းစာတရားထဲမှာနားလည်ပေးမှုရှိသည်
နားလည်ပေးမှုထဲမှာငြိမ်းချမ်းရေးရှိသည်
ငြိမ်းချမ်းရေးထဲမှာသံစဉ်တွေရှိသည်
သံစဉ်တွေထဲမှာဂစ်တာတစ်လက်ရှိသည်

ကျွန်တော့်မှာဂစ်တာတစ်လက်ရှိပါသည်

Saturday, June 20, 2015

တောင်​ကြီး​ရေ Good-bye

တောင်​ကြီး​ရေ Good-bye
~~~~~~~~~~~~~~

စိမ်းမြတဲ့သစ်​ပင်​ကြီး​တွေ
လတ်​ဆတ်​နုစိုတဲ့​လေပြည်​​လေညင်း
မွှေးရနံ့မပြင်းတဲ့ ပန်း​ရောင်​စုံ
ရင်​ခုန်​စရာ ရှမ်းမ​လေးများ
စကားဝဲဝဲ တိုင်းရင်းသားညီ​အစ်​ကို
အရသာချိုစပ်​ချဉ်​ အစားအ​သောက်
လမ်း​လျှောက်​လို့​ကောင်းတဲ့ ည​ဈေးတန်း
ရိုးသားခြင်း​တွေလွှမ်းတဲ့ အပြုံးနဲ့
တောင်​ကြီး​ရေ.......
မင်း....ငါတို့ကိုကြိုဆိုခဲ့တယ်​......။

မြေပြန့်​က​ရောက်​လာခဲ့ငါတို့ရဲ့နှလုံးသားမှာ
မင်းဟာ ထူးထူးခြားခြား လှပ
ဘယ်​​တော့မှ ​မေ့လို့ရမှာမဟုတ်​​တော့ဘူး
မင်းရဲ့ရင်​ခွင်​မှာ
တစ်​ညတာခိုလှုံဖူးတယ်​ဆိုတဲ့အသိ
ဂုဏ်​ယူပီတိနဲ့ မှတ်​မိ​နေမယ်​ ကွယ်​ .....။

မိုးတဖွဲဖွဲကျ​နေတာကစ လှပ
တိမ်​​တွေ မင်းကို ကာကွယ်​ဝိုင်းဖွဲ့​နေပုံကလည်း
ငါ့လို အသည်းနုသူအတွက်
ပက်​ပက်​စက်​စက်​ လွမ်းစရာ........

ဘာသာ စာ​ပေ ဂီတ အနုပညာ
သီးခြားပိုင်​ဆိုင်​တဲ့ ရှမ်းအနွယ်​​တွေကို
ကြာရှည်​စွာ ထိန်းသိမ်းခဲ့တဲ့ မင်းဟာ
ငြင်းစရာမရှိ​အောင်​တာဝန်​​ကျေ
ငါ ​လေးစား​နေပါ့မယ်​ ကွာ .......

အတတ်​အဆင်းလမ်း​တွေက
ဘဝရဲ့ စီးဆင်းမှုကိုသွယ်​ဝိုက်​​ဖော်​ပြ
မာနမရှိတဲ့ ​နေခြည်​​နွေး​နွေးကလည်း
ပါးအို့ရဲရဲ​ပေါ် ကျဲချ​နေ
မင်းက ဖန်​ဆင်းရှင်​လား ​တောင်​ကြီး​မြို့​ရေ.....

ခေါပုတ်​​ကြော်​ ​ကောက်​ညှင်း​ထွေး
တို့ဟူး​နွေး လက်​ဖက်​သုတ်
ခေါက်​ဆွဲပြုတ်​ ဆီတို့ဟူး
မင်းဧည့်​ခံတဲ့ထူးထူးခြားခြားစားစရာ
ငါ့ လျှာ​ပေါ်မှာ အမြစ်​တွယ်
မင်းကို ငါအရမ်းချစ်​တယ်​ ​တောင်​ကြီးမြို့​ရေ.....

ဥတုသုံးဖြာမှာ
အမြဲသာယာ​နေမယ့်​မြို့
ရှမ်းရိုးရာဝတ်​စုံနဲ့
ထာဝရကျက်​သ​ရေရှိတဲ့မြို့
နှင်းမြူမိုး​အေး လ​ဖွေး​ဖွေးနဲ့
အ​တွေးဖြူစင်​ ​သောကမမြင်​ရတဲ့မြို့
ဗမာ ပ​လောင်​ ရှမ်း ဓနု ပအို့
လူမျိုး​ရေးမခွဲခြားတဲ့မြို့
ဒဏ္ဍာရီဆန်ဆန်
ရာဇဝင်​ကိုပန်​ခဲ့တဲ့မြို့
အို......ချစ်​​သော​တောင်​ကြီးမြို့​ရေ....

ငယ်​ချစ်​ဦးကိုလက်​မပြဘဲနှုတ်​ဆက်​သလိုမျိုး
ငါ......
ရိုးရိုး​လေး​ပြောခဲ့ပါ့မယ်
Good-bye ကွယ်​.......

Friday, June 19, 2015

အင်း​လေးကန်​ထဲကမိုးတစ်​စ

အင်း​လေးကန်​ထဲကမိုးတစ်​စ
~~~~~~~~~~~~~~~~

ဝန်းရံထားတဲ့​တောင်​​တွေ​ပေါ်မှာ
တိမ်​​တွေအချင်းချင်းအကပြိုင်​​နေကြတယ်
အုပ်​စုဖွဲ့​ဗေဒါ​တွေကလည်း
ဘဝဆိုတာ ဒါပဲလား လို့​အော်​ညည်းပြ​နေသလို

ပေါ​လော​ပေါ်စိုက်​ခင်း​တွေ​ပေါ်မှာ
သဘာဝတရားကိုလိမ်​ညာတဲ့အပင်​ငယ်​​တွေရှိသလား
ရှည်​တံရှည်​အိမ်​များရဲ့လှပမှုက
ပန်းချီဆရာကို အိပ်​မက်​ထစေတယ်

စက်​​လှေခုတ်​​မောင်းသံ​တွေ​ရေပြင်​ကိုထိုးခွဲသွား
အင်း​ပျော်​ငါး​တွေလန့်​များသွားသလား
ဖောင်​​တော်​ဦးဘုရားထံမှာဆု​တောင်းခဲ့ဖို့
မေ့​လျော့​နေတဲ့အသိတရားထဲမှာ
ငါ့ အလွမ်း​တွေလိုက်​ပါသွားတယ်

မိုးမြု​တွေရစ်​သီအုံ့မှိုင်း
ရိုင်းစိုင်းတဲ့​လေ​အေး​အေးက
ငါ့ရင်​ကို ဆွဆွ​ပေးနေတယ်
တစ်​စုံတစ်​ရာကို သတိရဖို့​ပေါ့ကွယ်

Thursday, June 18, 2015

ဆု​တောင်း​လေ

ဆုတောင်းလေ
~~~~~~~~~

ငါက ဂရိနတ်ဘုရား မဟုတ်ဘူးလေ
သောင်ပြင်မှာ လွတ်နေတဲ့ လူဟာ ငါပေါ့

ကားတံခါးကို ဝုန်းခနဲ ဆောင့်ပိတ်ဖို့
အကြာကြီးကြိုးစားခဲ့ရတယ် သိလား

နင်အထင်ကြီးတဲ့ ဒေါ်လာစက္ကူတွေကို စုတ်ဖြဲ
ငါတစ်ယောက်တည်း အခါခါ ရယ်မောဖူးတယ်

နာကြည်းဖူးတဲ့ယောက်ျားဆိုတာ
နာကျင်ဖူးတဲ့ မိန်းမထက်ပိုပြီး ခံနိုင်ရည်ရှိတယ်လေ

ဒုက္ခနဲ့ လှလှကြီးနဲ့ ငါ့ဆီပူးတွဲရောက်လာတုန်းက
ငါ နင့်ကို ဘာမဆိုင်ညာမဆိုင် သတိရဖူးတယ်

အခုလို ငါနင့်ကို မေ့ပစ်နိုင်ချိန်ရောက်မှတော့
ငါ့ကို ပြုံးမပြနဲ့တော့ ကောင်မလေးရေ......

နေရာတစ်​ခု၏ပြဿဒါး

နေရာတစ်​ခု၏ပြဿဒါး
~~~~~~~~~~~~

မြေပြန့်​မှာ
ခြေဆန့်​တာငြီး​ငွေ့
ပျော်​ရွှင်​စရာ​တွေ့ရနိုးနဲ့
တောင်​ရိုးဆီတတ်​ခဲ့တယ်​.....

ဆူးလွှမ်းကြမ်းရှ
သားရဲဆိုး​တွေရင်​ဆိုင်​ရ​ပေမယ့်
ရောက်​ရမယ့်​​တောင်​ထိပ်​ကိုတမ်းတ
စိတ်​ကူးယဉ်​ပြီးကြည်​နူးခဲ့ရတယ်​........

အချိန်​များစွာစ​တေး
သိက္ခာ ​ငွေ​ကြေး​တွေ အပွန်းခံ
ထိပ်​ဆုံး​နေရာမှာ စံ​နေရပြီ.......

မ​နေ့က
လမ်း​လျှောက်​ထွက်​ခဲ့ခဏ
အာရုံငါးလီနွမ်းလျချိန်​မှာ
အမှတ်​မထင်​မြင်​လိုက်​ရတာ
အိုး......
သိပ်​လှတဲ့​မြေပြန့်​ပါလားကွယ်​........

Wednesday, June 17, 2015

ငါ့လက်​ကလွတ်​ကျသွား​သောစ​နေ​နေ့

ငါ့လက်​ကလွတ်​ကျသွား​သောစ​နေ​နေ့
~~~~~~~~~~~~~~~~~~~~

အလင်းမှုန်​တို့အိပ်​​ပျော်​​သောဓူဝံကြယ်​ည
မ အက္ခရာနဲ့​ကောင်​မ​လေးကငါ့ကို သတိရ

ရွာထိပ်​ကဇရပ်​​ပေါ်ဇိမ်​ယူ​နေ​သောသူ​တောင်းစား
နွေရာသီကို အပြတ်​အသတ်​ အနိုင်​ယူသွား

ကြယ်​​ခြောက်​ပွင့်​ဟိုတယ်​​ပေါ်က မိန်းမပျို
ရယ်​​မောသံကို ringtone လုပ်​ထားတယ်​ဗျို

ပုတီးစိပ်​ ​မေတ္တာပို့ တရားထိုင်​တဲ့ အ​မေကြီး
သက္ကာယဒိဌိကို မကြားဖူးဘူး လို့ ညည်း

က​လေးတွဲ​လောင်းအ​ကြွေး​ညောင်း ​အကြော်​သည်
သမီး​လေးကို ခါးခါးလူး​ပေး​နေတယ်

အတ္တကို ကျစ်​​နေ​အောင်​ဆုပ်​ကိုင်​ထားတဲ့ ငါ
အဲဒီ စ​နေ​နေ့မှာ ချစ်​သူကို လွမ်းတယ်​ လို့ ညာ

Tuesday, June 16, 2015

သက်​​သေများ

သက်​​သေများ
...........

ဆောင်းရာသီကို​မေ့​နေတဲ့
နှင်းမှုန်​တွေေ​​ပါ်​မှာ
သစ်​ရွက်​​လေး​တွေက
သီချ​င်းေ​တွ​ဆို​လို့ေ​ပါ့။

ဒီဇင်ဘာပြက္ခဒိန်​​၏ ​အ​လွ​န်၌
ထုံ​​ဆေးေ​ပး​ထားေ​သာ ​​မျှော်​လင့်​ချက်​များ
အ​ချိန်ခိုးထားေ​သာ ဆံနွယ်များ
ချုပ်ရိုး​ပြေေ​​နသော ​​စေတနာများ
Shock ဖြစ်သွား​​သော အပြုံးများ
သော့​ပျောက်​​နေ​သော ​လက်​မှတ်​များ
ရေချိန်​မကိုက်​​​​ေ​သာ ​ေ​နာ​င္တမ်ား
မဲဆွယ်​စည်းရုံး​နေ​သော ဟာသများ
နေရာတကာ လူရာဝင်​​နေကြ၏ ။

ဘာမဆိုင်​ညာမဆိုင်​ ​ပြောရရင်
ဒီ​နေ့ ​နေဝင်​တာ ​စောတယ်​​နော်

ဒီလိုမျိုး 
ဆောင်းနှင်း​ဝေတဲ့ည​တွေမှာ
ချစ်​သူကို လွမ်းရတာဟာ
အကျဉ်း​ထောင်​ထဲမှာ ပန်းချီဆွဲရသလို
ဘယ်​လိုမှ မပြည့်​စုံဘူး ညို......

အရက်​သမားများနှင့်​တစ်​ည​နေ

အရက်​သမားများနှင့်​တစ်​ည​နေ
~~~~~~~~~~~~~~~~~~~

တောက်​!!! မြန်​မာအသင်းကွာ
ဆွတ်​ပျံ့ဖွယ်​ရာ​တေးချင်းကိုငါညည်းအံ့

မင်းပဲ ​ရွှေပတ်​ပဲ​သောက်​ချင်​တာဆို
နေ​ရောင်​က​ရွှေ​ရောင်​ကိုလုယူထား​တော့၏

ပွင့်​ပွင့်​လင်းလင်း​ပြောရရင်​ ငါသူ့ကိုမ​ကျေနပ်​ဘူး
ထိုသို့ဖြင့်​ ​လေနု​အေးသည်​ ခါးသက်​စွာ ငိုပြီ

ဘဝဆိုတာ ကိုယ်​လိုရာ ကပြရတာမှမဟုတ်​တာကွာ
တိမ်​မျှင်​တို့က အိပ်​တန်းပြန်​ငှက်​များကိုငုံ့ကြည့်​ကြ

ဒီမိန်းမ​ကြောင့်​​နေ့တိုင်း​သောက်​ဖြစ်​​နေတာ
ခါတိုင်းနဲ့မတူတဲ့လမ်းမကြီးကခါတိုင်းလိုလှပ

အနုပညာကိုအဓိပ္ပါယ်​ဖွင့်​ကြည့်​ရ​အောင်​​ဟေ့
မသာ​သေးတဲ့လမင်းကအံ့ဩစွာ​ငေး​မော

ဒီလုပ်​ငန်းကိုစိတ်​ကုန်​​နေတာကြာပါပြီကွာ
အဲဒီလို စက္ကန့်​​တွေဟာ အ​မှောင်​ကိုငံ့လင့်​​နေ​တော့၏

Sunday, June 14, 2015

U 23 သို့ အ​လေးပြုခြင်း

U 23 သို့ အ​လေးပြုခြင်း
~~~~~~~~~~~~~

ချစ်​ခင်​လွန်းလို့
ရင်းနှီးလွန်းလို့
မင်းတို့ကို
ငါ့​ကောင်​​တွေ လို့ ​ခေါ်မယ်​ကွာ...

ဗီယက်​နမ်​နဲ့ပွဲမှာ
မင်းတို့ ကြိုးစားသွားတာ တန်​တယ်
မင်းတို့ ​ဘောလုံးပညာပြတာ မိုက်​တယ်
မင်းတို့ ညီညွတ်​ပြသွားတာ လှတယ်
အမ​လေးးးးးးး
ငါ​တောင်​ ကြက်​သီးတဟီးဟီးထတယ်

နိုင်​ငံ​တော်​သီချင်း စဆိုကတည်းက
ငါ ......
မျက်​ရည်​ဝဲရ
မြန်​မာပြည်​ကို ချစ်​လွန်းလို့ပါကွ

မြန်​....မာ
မြန်​....မာ
မြန်​.....မာ
မြန်​.....မာ
အား​ပေးသံ​တွေမိုးသို့ဟိန်း
ငါ့နား​တွေကျိန်းစပ်​ကုန်​ပြီကွာ.....

ငါ့​ကောင်​​တွေ ​ရေ
မင်းတို့​ခြေထဲ​ဘောလုံးရှိရင်
ငါ.....
ရင်​တခုန်​ခုန်​(အ​ပျော်​နဲ့)
သူတို့​ခြေထဲ​ဘောလုံး​ရောက်​ရင်
ငါ......
ရင်​တဖိုဖို(ပူပန်​မှုနဲ့)
မယုံရင်​ငါ့ရင်​ကိုလာစမ်းလှည့်​စမ်းပါ

ငါ့​ကောင်​​တွေ ​ရေ
မင်းတို့ကို အား​ပေး​နေသူ​တွေထဲမှာ
က​လေး​မွေးခါနီး မိခင်​​လောင်း​တွေပါတယ်
ရှေ့တန်းထွက်​​တော့မယ့်​စစ်​သား​တွေပါတယ်
စာသင်​ခန်းဝင်​လုနီးဆရာ​တွေပါတယ်
ခွဲစိပ်​ခန်းဝင်​ဖို့ပြင်​​နေတဲ့ပါရဂူ​တွေပါတယ်
လက်​လုပ်​လက်​စား​တွေပါတယ်
အောက်​​ခြေဝန်​ထမ်း​လေး​တွေပါတယ်
စာမတတ်​တဲ့က​လေးငယ်​​တွေပါတယ်
ယုတ်​စွအဆုံး......
မျက်​စိလုံးလုံးမမြင်​သူ​တွေ​တောင်
နား​ထောင်​အား​ပေး​နေကြတယ်​ ကွ......

ဒုန်း.....ဒုန်း....ဒုန်း.......
အားရပါးရစားပွဲကိုထုတဲ့အသံ​တွေ
ဖြောင်း...​ဖြောင်း....​ဖြောင်း....
အူလှိုက်​သည်းလှိုက်​တီးတဲ့လက်​ခုပ်​သံ​တွေ
မြန်​မာကွ....အဲဒါမြန်​မာ
ရင်​​ခေါင်းခြစ်​ပြီးကျူးရင့်​သံ​တွေ
ဓူဝံကြယ်​​တောင်​လန့်​ပြီး​ကြွေမတတ်​ပါပဲ

ဘောလုံးဆိုတာ
ခြေ​ထောက်​နဲ့ကစားတာမဟုတ်​ဘူး
ဦး​နောက်​နဲ့ကစားတာ
စည်းလုံးမှုနဲ့ကစားတာ
မျိုးချစ်​စိတ်​နဲ့ကစားတာ
မင်းတို့မှာ ဒါ​တွေပြည့်​စုံ
တစ်​တိုင်းပြည်​လုံးယုံပါတယ်​ ကွာ

ကမ္ဘာ့အလယ်​မှာ
မြန်​မာ့​ဘောလုံး​နေရာ
ရွှေဆုနဲ့​ဝေးကွာခဲ့တာ
ဆယ်​စုနှစ်​များစွာ ကြာ
မင်းတို့ အခွင့်​အ​ရေး ရတုန်းမှာ
ယူခဲ့ကြစမ်းပါ ကွာ......

အောင်​ပွဲနဲ့ပြန်​လာမယ့်​လမ်း
ရွှေဖလားပိုက်​လာမယ့်​ အပြန်
မြန်​မာနိုင်​ပြီ သီချင်းသံဝင့်
ငါ.......
မချင့်​မရဲဖြစ်​​နေပြီကွာ........

Saturday, June 13, 2015

You raise me up

"You Raise Me Up"
မင်းက ငါ့ကို စိတ်​အားမြင့်​​စေတာပါ
~~~~~~~~~~~~~~~~~~~~~~

When I am down and, oh my soul, so weary;
When troubles come and my heart burdened be;
Then, I am still and wait here in the silence,
Until you come and sit awhile with me.

ငါ  ကျရှုံး​နေတဲ့အခါ
ငါ့စိတ်​​​ဝိဥာဉ်​ငြီး​ငွေ့​နေတဲ့အခါ
ဒုက္ခ​တွေ​ရောက်​လာပြီးငါ့နှလုံးသားဝန်​ပိ​နေတဲ့အခါ
ငါ တိတ်​တဆိတ်​​စောင့်​ရင်း ငြိမ်​သက်​​နေတယ်
မင်း ​ရောက်​လာပြီး ငါ့​ဘေးမှာထိုင်​တဲ့အထိ​ပေါ့

You raise me up, so I can stand on mountains;
You raise me up, to walk on stormy seas;
I am strong, when I am on your shoulders;
You raise me up... To more than I can be.

မင်းကငါ့ကို စိတ်​အားမြှင့်​​ပေးတယ်
ဒါ့​ကြောင့်​ ​တောင်​တန်း​တွေ​ပေါ်ငါ ရပ်​တည်​နိုင်​ခဲ့
မင်းကငါ့ကို စိတ်​ဓာတ်​မြှင့်​​ပေးတယ်
မုန်​တိုင်းထန်​ပင်​လယ်​ထဲကူးခတ်​ဖို့
မင်းရဲ့ပခုံး​လေးကိုမှီရတဲ့အခါ
ငါ ခွန်​အား​တွေအလိုလိုရှိလာ
မင်းက ငါ့ကိုစိတ်​အားမြှင့်​​ပေးတယ်
ငါလုပ်​နိုင်​တာထက်​ပို လုပ်​နိုင်​​စေဖို့......

You raise me up, so I can stand on mountains;
You raise me up, to walk on stormy seas;
I am strong, when I am on your shoulders;
You raise me up... To more than I can be.

မင်းကငါ့ကို စိတ်​အားမြှင့်​​ပေးတယ်
ဒါ့​ကြောင့်​ ​တောင်​တန်း​တွေ​ပေါ်ငါ ရပ်​တည်​နိုင်​ခဲ့
မင်းကငါ့ကို စိတ်​ဓာတ်​မြှင့်​​ပေးတယ်
မုန်​တိုင်းထန်​ပင်​လယ်​ထဲကူးခတ်​ဖို့
မင်းရဲ့ပခုံး​လေးကိုမှီရတဲ့အခါ
ငါ ခွန်​အား​တွေအလိုလိုရှိလာ
မင်းက ကိုယ့်​ကိုစိတ်​အားမြှင့်​​ပေးတယ်
ငါလုပ်​နိုင်​တာထက်​ပို လုပ်​နိုင်​​စေဖို့......

You raise me up, so I can stand on mountains;
You raise me up, to walk on stormy seas;
I am strong, when I am on your shoulders;
You raise me up... To more than I can be.

မင်းက ငါ့ကို စိတ်​အားမြှင့်​​ပေးတယ်
ဒါ့​ကြောင့်​ ​တောင်​တန်း​တွေ​ပေါ်ငါ ရပ်​တည်​နိုင်​ခဲ့
မင်းကငါ့ကို စိတ်​ဓာတ်​မြှင့်​​ပေးတယ်
မုန်​တိုင်းထန်​ပင်​လယ်​ထဲကူးခတ်​ဖို့
မင်းရဲ့ပခုံး​လေးကိုမှီရတဲ့အခါ
ငါ ခွန်​အား​တွေအလိုလိုရှိလာ
မင်းက ကိုယ့်​ကိုစိတ်​အားမြှင့်​​ပေးတယ်
ငါလုပ်​နိုင်​တာထက်​ပို လုပ်​နိုင်​​စေဖို့......

You raise me up, so I can stand on mountains;
You raise me up, to walk on stormy seas;
I am strong, when I am on your shoulders;
You raise me up... To more than I can be.

မင်းကငါ့ကို စိတ်​အားမြှင့်​​ပေးတယ်
ဒါ့​ကြောင့်​ ​တောင်​တန်း​တွေ​ပေါ်ငါ ရပ်​တည်​နိုင်​ခဲ့
မင်းက ငါ့ကို စိတ်​ဓာတ်​မြှင့်​​ပေးတယ်
မုန်​တိုင်းထန်​ပင်​လယ်​ထဲကူးခတ်​ဖို့
မင်းရဲ့ပခုံး​လေးကိုမှီရတဲ့အခါ
ငါ ခွန်​အား​တွေအလိုလိုရှိလာ
မင်းက ငါ့ကိုစိတ်​အားမြှင့်​​ပေးတယ်
ငါလုပ်​နိုင်​တာထက်​ပို လုပ်​နိုင်​​စေဖို့......

You raise me up... To more than I can be

မင်းက ငါ့ကိုစိတ်​အားမြှင့်​​ပေးတယ်
ငါလုပ်​နိုင်​တာထက်​ပို လုပ်​နိုင်​​စေဖို့......

Westlife ၏ အထက်​ပါ သီချင်းကို ဘာသာပြန်​​ပေးရန်​​တောင်းဆို​သော Min Thu Kha အတွက်​.........