Sunday, June 7, 2015

စေတနာဆရာရဲ့​စေရာကဗျာ

စေတနာဆရာရဲ့​စေရာကဗျာ
~~~~~~~~~~~~~~~~

ကိုယ်​သင်​တဲ့တပည့်​​တွေ
စာ​မေးပွဲကျ ကြတယ်

ခံစားရတဲ့​ဝေဒနာက
စိတ်​​လေတယ်

ဒါ
လောကဓံ

ကိုယ်​သင်​တဲ့တပည့်​​တွေ
ဂုဏ်​ထူး​တွေထွက်​ကြတယ်

ခံစားရတဲ့​ဝေဒနာက
ကျေနပ်​ပီတိရင်​ကိုထိတယ်

ဒါ
လောကဓံပါပဲ

ကဲ
စာ​မေးပွဲကျတဲ့​ကျောင်းသားနဲ့
ဂုဏ်​ထူးထွက်​တဲ့​ကျောင်းသား
သင့်​ဆီ လာ​နေပြီ
သင်
ဘယ်​သူ့ကိုပြုံးပြမှာလဲ.....။

No comments:

Post a Comment