Wednesday, June 10, 2015

မေ​မေနှင့်​စကားစမြည်

မေ​မေနဲ့စကားစမြည်
~~~~~~~~~~

သား ကြီးလာရင်​ ဘာလုပ်​မှာလဲ ဟင်

ကဗျာ​ရေးချင်​တယ်​ ​မေ​မေ

ကဗျာ​ရေးတာ ဘာရလို့လဲ

ဓန​ငွေ မရ​ပေမယ့်
ဘဝအ​ဖြေရတယ်​ ​မေ​မေ

မင်းဟာက ဘယ်​လိုကြီးလဲကွယ်

အများ အသိခက်​​ပေမယ့်
တရားသိတတ်​​စေတယ်​ ​မေ​မေ

အ​မေ​တော့ နားမလည်​ဘူး သားရယ်

လူ အထင်​အမြင်​ မကြီး​ပေမယ့်
အပူအပင်​ free ဖြစ်​တယ်​ ​မေ​မေ

မ​မေး​တော့ပါဘူး သားရယ်

ဝမ်းစာအဖြစ်​ မ​ပေးနိုင်​​ပေမယ့်
ချမ်းသာအစစ်​ကို ​ရွေးနိင်​ခဲ့တယ်​ ​မေ​မေ



No comments:

Post a Comment