Friday, June 12, 2015

သား ​ကောက်​ရိုး​ပွေ့လာတာကို မြင်​ချင်​တယ်

သား ​ကောက်​ရိုး​ပွေ့လာတာကို မြင်​ချင်​တယ်
~~~~~~~~~~~~~~~~~~~~~~~~

အချင်းချင်းနားလည်​ရမယ့်​စကားတစ်​ခွန်း
အချင်းချင်းကျိတ်​ရယ်​ရမယ့်​စကားတစ်​ခွန်း
ထပ်​ပြီး သွန်း ပါရ​စေ

သံစဉ်​​တွေကိုအမြင့်​ဆုံးထိလွှင့်​ဖို့
Dancing juice ကို ​ရွေးကြစို့ကွာ
လျှာထိုးဦးထုပ်​ကြီးကိုလည်းစာနာပါ

ကျောင်းဆရာပဲဖြစ်​ဖြစ်
ဂေါပကလူကြီးပဲဖြစ်​ဖြစ်
ဒီမိုက​ရေစီကို ချစ်​တတ်​တာပါပဲ

ငါက performance ပဲ လုပ်​တတ်​တာကွ
ပထမအကြိမ်​​ရွေးတုန်းကရှက်​တာ​ပေါ့ဟာ
တစ်​​ယောက်​တစ်​​သောင်းစီစု​လေ

ပါးစပ်​လှုပ်​မှ(စာသင်​မှ)ရတဲ့​ချွေးနည်းစာ​တွေကို
ပါးစားလှုပ်​ရင်း(သီချင်းဆိုရင်း)ဖြုန်းရတာ
ဘယ့်​သူ့ကိုအားနာစရာ​ကောင်းလဲ

အ​ရေးကြီးတာကိုယ့်​တာဝန်​ကိုယ်​သိ
ကိုယ့်​အရှိကိုယ်​နားလည်
ပြဿနာ​တွေသယ်​မလာဖို့ပဲမဟုတ်​လား

No comments:

Post a Comment