Friday, June 19, 2015

အင်း​လေးကန်​ထဲကမိုးတစ်​စ

အင်း​လေးကန်​ထဲကမိုးတစ်​စ
~~~~~~~~~~~~~~~~

ဝန်းရံထားတဲ့​တောင်​​တွေ​ပေါ်မှာ
တိမ်​​တွေအချင်းချင်းအကပြိုင်​​နေကြတယ်
အုပ်​စုဖွဲ့​ဗေဒါ​တွေကလည်း
ဘဝဆိုတာ ဒါပဲလား လို့​အော်​ညည်းပြ​နေသလို

ပေါ​လော​ပေါ်စိုက်​ခင်း​တွေ​ပေါ်မှာ
သဘာဝတရားကိုလိမ်​ညာတဲ့အပင်​ငယ်​​တွေရှိသလား
ရှည်​တံရှည်​အိမ်​များရဲ့လှပမှုက
ပန်းချီဆရာကို အိပ်​မက်​ထစေတယ်

စက်​​လှေခုတ်​​မောင်းသံ​တွေ​ရေပြင်​ကိုထိုးခွဲသွား
အင်း​ပျော်​ငါး​တွေလန့်​များသွားသလား
ဖောင်​​တော်​ဦးဘုရားထံမှာဆု​တောင်းခဲ့ဖို့
မေ့​လျော့​နေတဲ့အသိတရားထဲမှာ
ငါ့ အလွမ်း​တွေလိုက်​ပါသွားတယ်

မိုးမြု​တွေရစ်​သီအုံ့မှိုင်း
ရိုင်းစိုင်းတဲ့​လေ​အေး​အေးက
ငါ့ရင်​ကို ဆွဆွ​ပေးနေတယ်
တစ်​စုံတစ်​ရာကို သတိရဖို့​ပေါ့ကွယ်

No comments:

Post a Comment