Wednesday, June 3, 2015

For chit chit thoon

သွန်း ​အတွက်​ ​ရေးတဲ့ကဗျာ
~~~~~~~~~~~~~~~~~~

ဟောဒီ​နေရာကို
ဘယ်​လိုအ​ကြောင်း​ကြောင့်​​ရောက်​လာရသလဲ
အ​ဖြေမရဲရင်​ မ​ဖြေပါနဲ့သမီး​ရေ.....

မိသားစုအခက်​အခဲ​ကြောင့်​ဖြစ်​ဖြစ်
အလွယ်​တကူ​ငွေရလို့ပဲဖြစ်​ဖြစ်
ဒီ​နေရာကိုသာယာလို့ပဲဖြစ်​ဖြစ်
သမီး​ရေ....
စွန့်​လွှတ်​ပစ်​နိုင်​ရင်​ သိပ်​​ကောင်းမှာပဲ ။

ကိုယ့်​ထက်​အသက်​ကြီးတဲ့​ယောက်ျားကြီး​တွေရဲ့
အဆီပြန်​မျက်​နှာ​တွေကိုပြုံးပြရတယ်
ရာဂတတ်​​နေတဲ့မျက်​နှာ​တွေကိုပြန်​ကြည့်​ရတယ်
မူးရူး​နေတဲ့မက်​နှာ​တွေကိုဧည့်​ခံ​ပေးရတယ်
ဖားလိုသီချင်းဆိုသံ​တွေကိုနား​ထောင်​ရတယ်
မထင်​ရင်​မထင်​သလို
လက်​သရမ်းတဲ့လူ​တွေကိုသည်းခံရတယ်
ဟောဒီဘဝကြီးက ဘာကြည်​နူးစရာရသလဲသမီးရယ်​.....

ပတ်​ဝန်းကျင်​မှာမျက်​နှာပြဖို့
ဘယ်​​လောက်​ပဲသတ္တိရှိရှိ
ရင်​ထဲမှာ မချိတင်​ကဲဖြစ်​​နေမှာပဲ​နော်​...
ကိုယ်​​မျှော်​သလိုမဖြစ်​တဲ့ဘဝထဲမှာ
အရှက်​နဲ့ သိက္ခာကိုစ​တေးရမယ့်​​နေထိုင်​ခြင်း
သမီး​လေး ငြင်းပယ်​ဖို့အားမရှိဘူးလားကွယ်​.....

သမီးတို့ရဲ့ဘဝ​ပေးအ​ခြေအ​နေက
အ​ဖေထင်​သလို မလှဘူး​လေ လို့
စောဒကတက်​မလို့လား သမီး​ရေ.....
အ​ဖေနားလည်​​ပေး​နေပါတယ်​ ​နော်
ဒါ​ပေမယ့်
ပျော်​စရာအိပ်​မက်​​တွေမက်​ဖို့ဆိုတာ
ငွေတစ်​ခုတည်းသာ အ​ရေးကြီးတာမဟုတ်​ပါဘူး
ငွေမပြည့်​စုံတဲ့ ဘဝများစွာ
ကျေနပ်​​နေတာ​တွေ အများကြီးပါပဲကွယ်

ဒါပါပဲ သမီး​ရေ
အ​ဖေ့ကဗျာကိုဖတ်​ပြီးတဲ့အခါ
အ​ဖေ့​စေတနာကို အသိအမှတ်​ပြုရင်
အ​ဖေ့​မေတ္တာကို မြင်​​ပေးနိုင်​ရင်
အ​ဖေ့ဆန္ဒကို နားလည်​​ပေးရင်
အ​ဖေ ​ပျော်​ရွှင်​​နေမှာပါ သမီး​လေး​ရေ......

No comments:

Post a Comment