ပေါ့ပေါ့ပါးပါး ကဗျာ
~~~~~~~~~~~
ဦးလေး ဘယ်နှစ်နာရီထိုးပြီလဲဗျ
မင်းကို ငါ့သမီးနဲ့ မပေးစားနိုင်ဘူးကွာ
လက်ဖက်ခြောက်မကျသေးတဲ့ရေနွေကြမ်းသောက်ရသလို
ဘဝက ပေါ့ဖောဖောကြီးပါလားကွာ
ဦးတိုးရဲ့ကဗျာတွေကို ဖတ်ပြီးမခံစားနိုင်တဲ့ငါ့အဖြစ်
ခင်စုစုနိုင်ကိုပဲ ချစ်လိုက်တော့မယ်နော်
အဲဒီညနေက သောက်ခဲ့တဲ့ အရက်တွေထဲမှာ
အတိတ်ကိုသတိရစေတဲ့ဓာတ်တွေပါသလားဟင်
စစ်ကိုင်းတောင်ပေါ်က သစ်ပင်လေးတွေစိမ်းမြမြ
ဧရာဝတီကို လှမ်းမြင်နေရတယ် ချစ်သူ
အမေပေးတဲ့မေတ္တာနဲ့ နင်ပေမယ့်အကြင်နာ
နှစ်ခုစလုံးကိုငါ ပိုင်ချင်ပါတယ်ကွယ်
လမင်းကြီး အလှဆုံးပြုံးပြတဲ့နေ့ကျရင်
နင်နဲ့ငါ ခရေပင်အောက်မှာ ဆုံကြမယ်နော်
No comments:
Post a Comment